'ဒေါင်ဒေါင်ဒေါင်'
အတ္တဥယျာဉ်မောင်တစ်ယောက် ဂီတာကို အလိုမကျစွာ တဒေါင်ဒေါင် တီးခတ်နေသည်။
"ကျစ်!လီးလိုပဲ"
ဂီတာကြိုးကို နောက်တစ်ကြိမ် ပြန်ညှိရပြန်သည်။တင်းလွန်းနေသော ကြိုးကလေးမှာ ထပ်ညှိသည့်အခါ ပြတ်ထွက်သွားတော့သည်။
"တော်ပြီ။မတီးတော့ဘူး"
ဂီတာကို ကုတင်နံဘေးတွင် ထောင်ထားလိုက်သည်။ဘာကိုအလိုမကျဖြစ်နေတာလဲ ကိုယ့်ကိုကိုယ်ပင်မသိ။စိတ်ရှုပ်ထွေးကာ ဘာမှမလုပ်ချင်မကိုင်ချင်။
မဟာက စာအုပ်တစ်အုပ် ကိုင်ကာ အခန်းထဲဝင်လာသည်။သူ့နံဘေးတွင် ဝင်ထိုင်လိုက်ပြီး"မောင်..စာကျက်ရအောင်"
"စိတ်မပါဘူး။ဖယ်ကွာ။မင်းပဲကျက်"
မဟာကို အော်ငေါက်ပြီး အခန်းထဲမှထွက်လာခဲ့သည်။မနက်ကတည်းက စိတ်အဆင်မပြေ။နေ့လယ်ကလည်း နှင်းတိမ်တိုက်လွှာက အဆောင်ထိလာပြီး ငိုယိုပြတော့ သူလူဆိုးကြီးဖြစ်ခဲ့ရသေးသည်။ဖောက်ပြန်တာကို သူအမုန်းဆုံး။နာမည်အတိုင်းပင် အတ္တကြီးမားလှသည့် သူမှသူဖြစ်နေတာကိုသာ လိုချင်သည်။သူမှမဟုတ်ရင် အခြားတစ်ဦးတစ်ယောက်ကိုမှ မရစေချင်။မပိုင်ဆိုင်စေချင်။
နှင်းတိမ်တိုက်လွှာအပေါ် စိတ်မရှိတော့ပေမဲ့ သူလိုလားတာက နှစ်ဦးသဘောတူလမ်းခွဲတာ။အခုလိုဖောက်ပြန်တာမျိုးမဟုတ်ခဲ့ပါ။ကိုယ်တိုင်ကလည်း ကျော်လေးအေပါ် ထူးဆန်းတဲ့စိတ်ရှိနေတာ မှန်ပေမဲ့ သူစည်းတစ်ခုတော့ထိန်းထားသေးသည်။
အခုက သူနဲ့မပြတ်သေးတဲ့ သူ့အပိုင်ဖြစ်နေဆဲ မိန်းကလေးကို သူများကလုယူလိုက်တော့သူမကျေနပ်ဖြစ်တာ။မချစ်တော့တာတောင် အတ္တထားနေဆဲ။
အတ္တကြီးတဲ့ကောင်က သူငယ်ချင်းအပေါ်မှာတောင် အတ္တကြီးသည်။ကျော်လေးကို သူခေါ်သလိုအခြားသူတွေလိုက်ခေါ်တာလဲသူမကြိုက်။မဟာခေါ်တာတောင် သူမကြိုက်လို့ မဟာကိုရန်တွေ့ခဲ့ဖူးသည်။ကျော်လေးဆိုတာ သူ့တစ်ယောက်တည်းအတွက် သီးသန့်နာမ်စားလေး။
စိတ်ခံစားချက်တွေရှုပ်ထွေးနေချိန်
YOU ARE READING
Rewrite the star (Complete)
Teen Fictionရန်သူတွေဖြစ်သွားကြတဲ့အခါမင်းရွေးချယ်မှုကိုတော့မသိပေမဲ့ငါ့ရဲ့ရွေးချယ်မှုကအမြဲတမ်းအတွက်မင်းတစ်ယောက်တည်းပါပဲကျော်လေးရယ်.. ကံကြမ္မာကကျွန်တော်တို့ကိုရေးတာလား...ကျွန်တော်တို့ကကံကံကြမ္မာတို့ပြန်ရေးကြတာလား.. တစ်ချို့ကိစ္စတွေမှာပုံသေသတ်မှတ်ထားပြီးသားကံကြမ္မာ...