'တောက်ခ်'
ဦးသူရိန်အောင်၏ တောက်ခေါက်သံက ကျယ်ကျယ်လောင်လောင်။ကားထဲ ဦးဥက္ကာက ပေါင်မှ သေနတ်ဒဏ်ရာကြောင့် ငြိမ်သက်စွာထိုင်နေသည်။ပေါင်က ဒဏ်ရာက သွေးတွေစီးကျနေသဖြင့် အဝတ်စဖြင့် ဖိကပ်ထားရသည်။သတိုးမာန်ပြည့်ရှိန်က ကားမောင်းနေပြီး နောက်ကြည့်မှန်ကတစ်ဆင့် ဦးသူရိန်အောင်ကို လှမ်းအကဲခတ်နေသည်။
"ငါတို့လှည့်ပြန်ခဲ့ရတယ်လို့..ရာဇဝင်ရိုင်းလိုက်တာ"
ဦးဥက္ကာက ဒဏ်ရာကို အဝတ်စဖြင့် ဖိကပ်ထားရင်းပြောလိုက်သည်။
"ဦးလေး"
"အေးပြော"
"ဒေါ်စံသာပြောတာသူတို့ပဲဖြစ်လိမ့်မယ်"
ဦးသူရိန်အောင်က ဘာမှပြန်မပြောဘဲ ကားပြတင်းပေါက်မှန်ကို လက်ဖြင့် ခေါက်နေသည်။
'ဒေါက်..ဒေါက်..ဒေါက်'
"ဟိုကောင်လေးကသိန်းမောင်ရဲ့သားနဲ့တူတယ်နော်"
ဦးဥက္ကာက ရုတ်တရက် ထပြောလိုက်သည်။ဦးသူရိန်အောင်က ပြတင်းပေါက်မှန်ကို ခေါက်နေတာ ရပ်သွားပြီး ဦးဥက္ကာကို လှည့်ကြည့်လိုက်သည်။
"အဲတာကျွန်တော်စုံစမ်းလိုက်ပါ့မယ်"
သတိုးမာန်ပြည့်ရှိန်က ဝင်ပြောလိုက်သည်။သတိုးမာန်ပြည့်ရှိန် စိတ်ထဲ Uranus ကို စစမြင်လိုက်ရတုန်းက အားနာစိတ်တဖွားဖွား။အတ္တဥယျာဉ်မောင်သာ မသေခဲ့ရင် သူတို့ကို ကျိန်းသေ လက်စားပြန်ချေလိမ့်မည်။တစ်ဆက်တည်း တာယာကို သတ်သော လူသတ်သမားကလည်း Uranusဖြစ်လိမ့်မည်ဟု တွေးမိသည်။
"ငါတို့သတိနဲ့နေမှရမယ်..ငါတို့လမ်းကြောင်းတွေကိုပိုပြီးလုံခြုံရေးတင်းကျပ်ပေးလိုက်"
"ဟုတ်ကဲ့ဦးလေး..လူအင်အားပိုသုံးလိုက်ပါ့မယ်"
"ငါကဂိုဏ်းငယ်လေးဆိုပြီးလျော့တွက်လိုက်မိတာ..တကယ်တော့ခေတဲ့သူတွေမဟုတ်ဘူးပဲကိုးး"
ဦးသူရိန်အောင် သေနတ်ကို ထုတ်ပြီး သေချာကြည့်နေရင်း ပြောလိုက်သည်။
***********************************
ဦးသူရိန်အောင်တို့ ပြန်သွားပြီးနောက် နက်ပကျွန်းက သေနတ်ဖြင့် ပစ်ခံလိုက်ရသော လက်အောက်ငယ်သားကို အိမ်ထဲ တွဲခေါ်သွားသည်။စေတန်က အတ္တအနားကပ်ပြီး တိုးတိုးလေး ပြောလိုက်သည်။
YOU ARE READING
Rewrite the star (Complete)
Teen Fictionရန်သူတွေဖြစ်သွားကြတဲ့အခါမင်းရွေးချယ်မှုကိုတော့မသိပေမဲ့ငါ့ရဲ့ရွေးချယ်မှုကအမြဲတမ်းအတွက်မင်းတစ်ယောက်တည်းပါပဲကျော်လေးရယ်.. ကံကြမ္မာကကျွန်တော်တို့ကိုရေးတာလား...ကျွန်တော်တို့ကကံကံကြမ္မာတို့ပြန်ရေးကြတာလား.. တစ်ချို့ကိစ္စတွေမှာပုံသေသတ်မှတ်ထားပြီးသားကံကြမ္မာ...