part42(final)

1K 22 10
                                    

       အခန်းထဲ မီးမှိန်မှိန်လေးက ဖျတ်ခနဲလင်းလာသည်။‌ကမ်းနားလမ်းရှိ ဂိုဒေါင်ပျက်တစ်ခုထဲတွင်ဖြစ်ပြီး ကျော်လေး ဒီနေရာကို ရောက်နေတာ နှစ်ရက်လောက်ရှိသွားပြီဖြစ်သည်။‌နှစ်ရက်လုံးလုံး ဘယ်သူမှန်းမသိသည့် လူတွေက ထမင်းလာကျွေးသည်။သူ့ကိုလည်း ဘာမှ မလုပ်ဘဲ ဒီတိုင်း ဖမ်းချုပ်ထားသည်။ဒီနေ့တော့ အရင်နေ့နှင့် မတူဘဲ ရင်းနှီးသည့် လူတစ်ယောက် ကျော်လေးအရှေ့သို့ ရောက်လာ၏။
        ဖျတ်ခနဲလင်းသွားသော မီးသီးလေး၏ ခပ်မှိန်မှိန် အလင်းရောင်နှင့်အတူ ခုံတစ်လုံးဆွဲကာ ကျော်လေးအရှေ့တွင် မဟာ လာထိုင်လိုက်သည်။မဟာက ကျော်လေးနှင့် မျက်နှာချင်းဆိုင်ထိုင်နေပြီး မျက်လုံးသေများဖြင့် ကျော်လေးကို စိုက်ကြည့်နေသည်။ခံစားမှုကင်းမဲ့‌ေနသည့် အရူးတစ်‌‌ေယာက်လိုမျိုး အကြည့်‌ေတွ။မဟာ၏ မပြောင်းလဲသော အမူအကျင့်အတိုင်း ဓားမြှောင်တစ်လက်ကို လှည့်ပတ်ကစားနေသည်။

"မဟာ..မင်းဒါဘာလုပ်တာလဲ"

        ကျော်လေးက မဟာကို ပြောလိုက်သည်။မဟာက ကျော်လေးကို သေချာလေးစိုက်ကြည့်လိုက်ပြီး

"မင်းကိုဖမ်းထားတာလေ"

"မင်းရူးနေတာလား"

         မဟာက ကျော်လေးကို ခေါင်းတဆတ်ဆတ်ညိမ့်ပြနေပြီး တမင်သက်သက် လှောင်ပြောင်နေသလို။

"မင်းက‌‌အလှလေးဆိုတော့ဈေးကောင်းရတယ်နော်..အလှလေးကထိခိုက်လို့မဖြစ်ပေမဲ့ငါကနည်းနည်းလေး"

           အနည်းငယ်ဟူသည့် ပုံစံကို လက်ဖြင့် လုပ်ပြကာ

"နည်းနည်းလေးဒဏ်ရာပိစိလေးတွေပေးချင်မိတယ်"

          မဟာက ဓားမြှောင်အသွားကို လက်ဖြင့် တစ်ချက်သပ်လိုက်ပြီး ကျော်လေးအနီးကို ထလာသည်။ထို့နောက် ကျော်လေးပါးစောင်ကို လက်ဖြင့်ဖျစ်ညစ်လိုက်ပြီး

"နာမယ်နော်..ဒါပေမဲ့ငါနာကျင်ခဲ့ရတာနဲ့ယှဉ်ရင်တော့မပြောပလောက်တဲ့နာကျင်မှုမျိုးလေးပေါ့"

        မဟာက ဓားမြှောင်ဖြင့် ကျော်လေး ပါးကို ခြစ်ချလိုက်သည်။

Rewrite the star (Complete)Where stories live. Discover now