ဆရာမ မလာသေးသဖြင့် အခန်းထဲရှိ ကျောင်းသားများမှာ စကားပြောသူပြော၊မုန့်စားသူကစားနှင့် ဆူညံနေသည်။ အတ္တဥယျာဉ်မောင်မှာ ကောင်းကင်အလက်ာမှူးလက်ဆော့ပြီး ဖွထားသော စက္ကူစလေးများကို လိုက်ကောက်ပေးနေရသည်။ နေ့လယ် ထမင်းစားအချိန် ပြီးနောက် သင်ရမည့် physicsအတန်းချိန်သည် အလွန်ပင် အိပ်ငိုက်စရာကောင်းလှသည်။ သို့သော်ဆရာမ မရောက်လာသေးသဖြင့် ကျောင်းသားများမှာ လုပ်ချင်ရာလုပ်နေကြသည်။
"ကျော်လေး.. အိမ်သာသွားရအောင်"
ကောင်းကင်အလက်ာမှူးက ဘာဖြစ်လို့ဟူသည့် သဘောဖြင့် မျက်ခုံးပင့်ပြလိုက်တော့ အတ္တဥယျာဉ်မောင်က ဘောင်းဘီအိတ်ကပ်ဆီ မျက်စပင့်ပြလိုက်သည်။ ကောင်းကင်အလက်ာမှူးလည်း ချက်ချင်းသဘောပေါက်ကာ အတ္တဥယျာဉ်မောင်နှင့်အတူ အိမ်သာသို့လိုက်သွားခဲ့သည်။
အိမ်သာသို့ရောက်သောအခါ အတ္တဥယျာဉ်မောင် အိမ်သာခန်းများကို သေချာလိုက်ကြည့်လိုက်သည်။နေ့လယ်ထမင်းစားပြီး ပထမဆုံးစာသင်ချိန်ဖြစ်သည့်အတွက် အိမ်သာတွင်လူမရှိနေခဲ့ပါ။အတ္တဥယျာဉ်မောင်က ဘောင်းဘီအိတ်ကပ်ထဲမှ ဆေးလိပ်ကြုတ်လေးနှင့်အတူ အနက်ရောင်မီးခြစ်လေးကိုပါ ဆွဲထုတ်လိုက်သည်။ဆေးလိပ်တစ်တောင့်ကိုထုတ်ပြီး မီးခြစ်ခြစ်ကာ ဖွာလိုက်သည်။ ကောင်းကင်အလက်ာမှူးက နံရံကိုမှီကာ အတ္တဥယျာဉ်မောင်ကို လက်ပိုက်လျက်ကြည့်နေခဲ့သည်။
အတ္တဥယျာဥ်မောင်က ဆေးလိပ်ကြုတ်ကို ကောင်းကင်အလက်ာမှူးဆီလှမ်းပစ်ပေးလိုက်သည်။ကောင်းကင်အလက်ာမှူးက ဆေးလိပ်ကိုထုတ်ပြီး ပါးစပ်တွင်ခဲထားတော့ အတ္တဥယျာဥ်မောင်က ကောင်းကင်အလက်ာမှူးနှင့် ပို၍နီးကပ်နေစေရန် အနားသို့ကပ်သွားသည်။မျက်နှာချင်းဆိုင် စင်တီမီတာ အနည်းငယ်သာကွာတော့ေသာ အနေအထားတွင် အတ္တဥယျာဉ်မောင်က နံရံကိုလက်နှစ်ဖက်ဖြင့် ထောက်လိုက်ပြီး ဆေးလိပ်ကို ကောင်းကင်အလက်ာမှူး၏ နှုတ်ခမ်းရှိေဆးလိပ်နှင့်သွားထိလိုက်သည်။မီးပွားကလေးမှာ တစ်ဖက်ရှိ ဆေးလိပ်တောင့်ဆီ ကူးသွားတော့သည်။
မီးစွဲသွားသော ဆေးလိပ်လေးကိုဖွာလိုက်သည်။ဆေးလိပ်ငွေ့များ အကြားတွင် မြင်နရေသော မျက်နှာထက်က ပါးချိုင့်လေးမှာ ဆွဲဆောင်မှုရှိလွန်းသည်။
YOU ARE READING
Rewrite the star (Complete)
Teen Fictionရန်သူတွေဖြစ်သွားကြတဲ့အခါမင်းရွေးချယ်မှုကိုတော့မသိပေမဲ့ငါ့ရဲ့ရွေးချယ်မှုကအမြဲတမ်းအတွက်မင်းတစ်ယောက်တည်းပါပဲကျော်လေးရယ်.. ကံကြမ္မာကကျွန်တော်တို့ကိုရေးတာလား...ကျွန်တော်တို့ကကံကံကြမ္မာတို့ပြန်ရေးကြတာလား.. တစ်ချို့ကိစ္စတွေမှာပုံသေသတ်မှတ်ထားပြီးသားကံကြမ္မာ...