"အစ်မ..အမ်းးမသဲ"
မောင်နှမတော်စပ်သော်လည်း စိမ်းနေသေးသည့် အတ္တအတွက် သဲပွင့်ညိုကို ဘယ်လိုခေါ်ရမည်မသိ။သဲပွင့်ညိုကတော့ အူတူတူအတတဖြစ်နေသည့် အတ္တကို ကြည့်ကာ တခစ်ခစ်ရီနေသည်။
"အငယ်လေးအဆင်ပြေသလိုခေါ်"
"မသဲ..မသဲကစေတန့်ဆီဘယ်လိုရောက်လာတာလဲ"
"ငါခေါ်လာတာ"
ပလူတိုက ဝင်ပြောသည်။ပလူတိုက သဲပွင့်ညိုနှင့် စတွေ့လာပုံကိုရှင်းပြသည်။
********
မနေ့ည(၈)နာရီ
ပလူတိုတစ်ယောက် ညဉ့်ငှက်တို့ ပျော်မြူးရာ လမ်းကို ရောက်နေခဲ့သည်။ဦးသူရိန်အောင်၏ ပြည့်တန်ဆာလုပ်ငန်းက တရားမဝင်ဘိန်းရောင်းနေသည်ကို လာရောက်စုံစမ်းရင်း ကိုယ်တိုင်ကလည်း မိန်းမကိစ္စဝါသနာပါသူမို့ ပြည့်တန်ဆာအိမ်တစ်အိမ်ဆီဝင်သွားသည်။ပြည့်တန်ဆာအိမ်တွင် ဖဲဝိုင်းများလည်းရှိပြီး လူစည်ကားပုံရသည်။ပိုင်ရှင်ဖြစ်ပုံရသည့် ခပ်ဝဝမိန်းမကြီးကို ဈေးမေးတော့
"1နာရီကိုဘတ်1000တစ်ညလုံးဆိုရင်ဘတ်8000"
သူသွားနေကျ ပြည့်တန်ဆာလုပ်ငန်းတွေထက် ဈေးအနည်းငယ်ပိုနေသော်လည်း ငယ်ငယ်ချောချောလေးတွေ အများကြီးမို့ ဈေးဆစ်ဖို့မစဉ်းစားမိတော့ပါ။မပျော်ပါးရတာကြာပြီ ဖြစ်သည့်အတွက် တဝကြီးပျော်ပါးပစ်ရန် တစ်ညလုံးအတွက်ဘတ်8000ပေးခဲ့သည်။
ပလူတိုက အိမ်ထဲတွင်သွားတော့ အခန်းလေးတွေရှိနေသည်။ပလူတိုက အနောက်ဆုံးအခန်းက ရင်သားအကြီးကြီးနှင့် ထိုင်းမလေးကို ရွေးလိုက်ပြီး ပျော်ပါးရန် အခန်းထဲဝင်သွားသည်။အခန်းထဲရောက်တော့ နံဘေးအခန်းက ကြားနေရသော စကားသံတွေ။ပြည့်တန်ဆာအိမ်များတွင် အခန်းအသံမလုံတာအဆန်းမဟုတ်။
သို့သော် ဘယ်သူမှ ပြည့်တန်ဆာအိမ်လာပြီး သူတော်ကောင်းလာမလုပ်နိုင်ကြ။ပြည့်တန်ဆာအိမ်လာသည်ဆိုကတည်းက အလိုဆန္ဒကို ဖြည့်ဆည်းဖို့ လာသည့်သူများသာဖြစ်သည်။အခုဟာက စကားပြောနေကြသည်။ပလူတို စပ်စုချင်သဖြင့် နံရံကိုနားကပ်ပြီး နားထောင်ကြည့်တော့ မြန်မာစကားသံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
YOU ARE READING
Rewrite the star (Complete)
Teen Fictionရန်သူတွေဖြစ်သွားကြတဲ့အခါမင်းရွေးချယ်မှုကိုတော့မသိပေမဲ့ငါ့ရဲ့ရွေးချယ်မှုကအမြဲတမ်းအတွက်မင်းတစ်ယောက်တည်းပါပဲကျော်လေးရယ်.. ကံကြမ္မာကကျွန်တော်တို့ကိုရေးတာလား...ကျွန်တော်တို့ကကံကံကြမ္မာတို့ပြန်ရေးကြတာလား.. တစ်ချို့ကိစ္စတွေမှာပုံသေသတ်မှတ်ထားပြီးသားကံကြမ္မာ...