"မောင်ဘယ်သွားမလို့လဲ"
"ဒေါ်ခင်သဲဖြူနာရေးသွားမလို့လေအချစ်ရဲ့"
မဟာတစ်ယောက် လိုက်ချင်သည့် မျက်လုံးလေးဖြင့် ကြည့်နေတော့သည်။
"အချစ်အိမ်မှာနေခဲ့နော်လိမ်မာတယ်..မောင့်စေတန်နဲ့လုပ်စရာလေးကျန်နေသေးလို့အိမ်ပြန်နောက်ကျမယ်"
***********************************
ဒေါ်ခင်သဲဖြူ၏ နာရေးတွင် လူအလာမပြတ်။ဦးသူရိန်အောင်၏ အသိမိတ်ဆွေ စီးပွားရှင်များက တကဲကဲလာနေကြသည်။သတိုးမာန်ပြည့်ရှိန်ကတော့ ဧည့်သည်များကို ဧည့်ခံနေပြီး ကောင်းကင်အလက်ာမှူးကတော့ အခေါင်းဘေးတွင် ကျုံ့ကျုံ့လေးထိုင်နေသည်။(မြိတ်မြို့၏ဓလေ့အရအသုဘကိုအိမ်တွင်သာသုံးရက်ဒါမှမဟုတ်ငါးရက်ထားတတ်ကြသည်။)
မေမေ့သတင်းကြားပြီးကတည်းက ချက်ချင်း မြန်မာပြည်ပြန်လာခဲ့သည်။နာရေးတွင် ဘာမှမလုပ်ရဘဲ ထိုင်နေသော်လည်း တစ်ယောက်တည်း မောပန်းနေသလို။အသက်ရှူတွေ လှိုက်ဖိုနေသည်။ငိုထားသည့် မျက်လုံးအိမ်သည်လည်း နီရဲဖောင်းအစ်နေသည်။
တစ်နေ့လုံးထိုင်နေပြီး ထမင်းစားဖို့ပင် မေ့လျော့နေသည်။မေမေ့ဓာတ်ပုံလေးကို ပိုက်ကာ ကျောက်ရုပ်တစ်ရုပ်လို ငြိမ်သက်နေမိသည်။ကိုကိုက ထမင်းသွားစားဖို့ ပြောလည်း ထိုင်ရာမှ မကြွ။ကြမ်းခင်းတွင် အမြစ်ကုပ်တွယ်နေသလိုမျိုး သူမထနိုင်ဖြစ်နေသည်။
ဒယ်ဒီကတော့ ဧည့်သည်များကို မနက်တုန်းက ထွက်တွေ့သည်။ထို့နောက် အခန်းတွင်းပုန်းနေပြီး အခုထိပြန်ထွက်မလာသေး။
"မဟုတ်ဘူးးမေမေမသေသေးဘူးး""မေမေမသေသေးဘူး"
"မသေသေးဘူး"
သူ့နှုတ်ဖျားမှ ထွက်လာသော အသံသည် လူတစ်ယောက်ကြားနိုင်စွမ်း မရှိတော့သည်အထိ တိုးလွန်းနေသည်။
မေမေ..အမြဲတမ်းသူ့ကိုဂရုစိုက်ပေးသော မေမေ။သူ့ရဲ့ဟီးရိုးကြီးမေမေ။'ကောင်းကင်လေး'ဟု တယုတယခေါ်တတ်သော မေမေ။
' မရှိတော့ဘူး။မေမေမရှိတော့ဘူး' ဟူသည့်အသိက နှလုံးခုန်ရပ်သွားတော့မည်အတိုင်းပင်။မနက်ရောက်တိုင်း မေမေ ပြင်ပေးမည့် မနက်စာကို မစားရတော့ပြီလေ။အခုလိုတွေသာ ဖြစ်မယ်မှန်းသိခဲ့ရင် ကိုရီးယားမသွားခင်နေ့က မနက်စာကို တဝကြီး ဗိုက်အစ်အောင် စားခဲ့ပါတယ်။
ကြိုသိခဲ့ရင် မေမေ့ကို အကြာကြီးပိုဖက်ထားပေးမိလိမ့်မည်။'ချစ်တယ်မေမေ..ချစ်တယ်'ဟု တဖွဖွပြောပြီး ကလေးတစ်ယောက်လို ရင်ခွင်ထဲ တိုးဝင်မိခဲ့လိမ့်မည်။အခုတော့ အရာရာဟာ ပြီးဆုံးသွားပြီ။မေမေ့ကိုလည်း ထပ်မတွေ့နိုင်တော့သလို မေမေ့ခေါ်သံလေးကိုလည်း မကြားနိုင်တော့ပေ။နောက်ဆုံး'မေမေ' ဟုပင် မခေါ်နိုင်တော့ပြီ။ခေါ်ရင်လည်း ပြန်ထူးမည့် မေမေ မရှိတော့ပြီ။
ခန္ဓာကိုယ်လေးဟာ ရုတ်တရက် ရင်ခွင်တစ်စုံထဲရောက်သွားပြီး ထွေးပွေ့ခံလိုက်ရသည်။ကိုယ်ငွေ့နွေးနွေးနှင့် ယောက်ျားပီသသော ကိုယ်သင်းနံ့ကြောင့် ဘယ်သူဆိုတာ သူအတပ်သိလိုက်သည်။
YOU ARE READING
Rewrite the star (Complete)
Teen Fictionရန်သူတွေဖြစ်သွားကြတဲ့အခါမင်းရွေးချယ်မှုကိုတော့မသိပေမဲ့ငါ့ရဲ့ရွေးချယ်မှုကအမြဲတမ်းအတွက်မင်းတစ်ယောက်တည်းပါပဲကျော်လေးရယ်.. ကံကြမ္မာကကျွန်တော်တို့ကိုရေးတာလား...ကျွန်တော်တို့ကကံကံကြမ္မာတို့ပြန်ရေးကြတာလား.. တစ်ချို့ကိစ္စတွေမှာပုံသေသတ်မှတ်ထားပြီးသားကံကြမ္မာ...