part20

301 12 0
                                    

        ဘုရားရေ!ငါအခုဘာလုပ်နေတာလဲ!!

           အသိစိတ်ဝင်လာမှ ဖိကပ်ထားသော နှုတ်ခမ်းတစ်စုံကို ခွာလိုက်သည်။ပတ်ဝန်းကျင်ကလူများသည် သူတို့ကိုကြည့်ပြီး တီးတိုးပြောနေကြပြီဖြစ်သည်။

        အမလေး..ငါ့အရှက်တွေ..

        ရှက်ရှက်နှင့် ဆိုင်ထဲမှ ပြေးထွက်လာသည်။အတ္တ‌ေပြာ‌ေသာ စကားများကို နားထောင်ပြီး အတ္တအတိတ်မေ့နေသည်ဟု သူတွေးမိသည်။Uranusဟာ အတ္တဆိုတာသေချာပြီးနောက် သူဘာကိုမှ မစဉ်းစားမိတော့ပေ။   ပတ်ဝန်းကျင်ကိုလည်း အာရုံမပြုနိုင်တော့ဘဲ သူ့ကိုယ်သူ ကျော်လေးဆိုတာကိုသာ သက်သေပြချင်သည့် စိတ်တဖွားဖွားပေါ်ပေါက်နေသည်။ရုတ်တရက် မဟာကပါ သူ့နေရာဝင်ယူထားသည်ကို သိလိုက်ရတော့ ဒေါသထွက်လာသည်။အတ္တအချစ်ကို အလွဲသုံးစားလုပ်သည့် မဟာကို သူအံ့ဩ၍ မဆုံးနိုင်။
           သူ့နေရာကို ကျိန်းသေပြန်ယူမည်ဟူသော စိတ်ကကြီးစိုးထားသည့် သကာလ သူတွေးမိတာက အတ္တပြောခဲ့သော စကားလေးဖြစ်သည်။အမှတ်တရတွေကို ဦးနှောက်က မမှတ်မိတော့ရင်တောင် နှလုံးသားကမှတ်မိနိုင်သေးသည်ဟူသော အတ္တ၏ စကားသံကို ကြားယောင်လာသည်။အတ္တ၏ နှလုံးသားက သူ့ကိုကျိန်းသေမှတ်မိရမည်။ထို့ကြောင့် ရူးရူးမိုက်မိုက် လူများအကြားတွင် နမ်းလိုက်မိသည်။
         ဆိုင်ထဲကထွက်လာမှ မိမိလုပ်ခဲ့သည့် လုပ်ရပ်များကိုတွေးမိပြီး မျက်နှာထားစရာနေရာမရှိလောက်အောင် ရှက်နေမိသည်။သူ့ဘက်က စပြီးနမ်းသည့် ပထမဆုံးအနမ်းကလည်း အခုလို လူကြားထဲတွင် ရုပ်ပျက်ဆင်းပျက်နှင့်ဖြစ်နေတော့ ပိုရှက်မိသည်။အတ္တသူ့ကို မှတ်မိသွားရင်ကောင်းမည်။

         မင်းကတကယ့်စောက်ရူးပဲကောင်းကင်အလက်ာမှူးရဲ့!အတ္တကိုတွေ့ရင်ဘယ်လိုမျက်နှာပြရမလဲ..

         ခေါင်းကို နာနာထုပစ်လိုက်သည်။အတ္တကို တွေ့ရင် သူဘယ်လို မသိချင်ယောင်ဆောင်ပြီး မျက်နှာပြရမလဲဆိုတာ စဉ်းစားရတော့မည်ဖြစ်သည်။အတ္တသာ သူ့ကိုမှတ်မိသွားရင် မျက်နှာပူစရာမလိုတော့ပါ။သို့သော် မမှတ်မိသေးရင်တော့ မျက်နှာပူနေရဦးမည်။ကျောင်းလည်း သွားချင်စိတ်မရှိတော့ပေ။သို့သော် ပန်းချီပြပွဲအတွက် သူဆွဲရမည့် ပန်းချီကားကလည်း မပြီးသေးသောကြောင့် ကျောင်းကိုတော့သွားရမည်။
          ဘတ်စ်ကားမှတ်တိုင်ကို ခြေလျင်လျှောက်လာခဲ့သည်။ဟိုတယ်နှင့် ဘတ်စ်ကားမှတ်တိုင်က ဆယ်မိနစ်ခန့်သာ လျှောက်ရသည်။နှင်းတွေကလည်း တဖွဲဖွဲ အဆက်မပြတ်ကျနေသည်။လမ်းလျှောက်ရင်း သူနမ်းခဲ့သော အဖြစ်အပျက်ကို ပြန်တွေးမိပြန်သည်။

Rewrite the star (Complete)Where stories live. Discover now