ပြန်တွေးကြည့်လိုက်ချိန် ခေါင်းတစ်ခုလုံးမူးနှောက်လာရသည်။မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရောနှင့် ခြေပါမခိုင်ချင်တော့။ကုတင်ပေါ်က ကျော်လေးကတော့ ဖုန်းလာနေတာကိုမသိ။အိပ်နေပုံက ကမ္ဘာပျက်ရင်တောင် သိမည့်ပုံမပေါ်။ကျော်လေးက အေးဆေးအိပ်နေချိန် သူတစ်ယောက်တည်း ကမ္ဘာပျက်နေပြီဖြစ်သည်။ဖုန်းမြည်သံလေးတိတ်သွားပြီးနောက် ကျော်လေးဖုန်း gallery ထဲ သူဝင်ကြည့်ဖြစ်သည်။
တော်တော်များများက ပန်းချီကားပုံများ ဖြစ်ကြပြီး တစ်ပတ်အတွင်း သူနှင့်အတူ ရိုက်ထားသော ပုံများလည်း ရှိသည်။'brother koko' ဟူသည့် အယ်လ်ဘမ်ထဲကို ဝင်ကြည့်တော့ လက်ဖမိုးတွင် မြွေပုံတက်တူးရှိသည့် လူနှင့်အတူရိုက်ထားသော ပုံများစွာကို တွေ့လိုက်ရသည်။"သတိုးမာန်ပြည့်ရှိန်!!"
ကိုယ်တိုင်တောင် သတိမထားမိလိုက်ချိန်တွင် လွှတ်ခနဲထွက်သွားသော အမည်နာမတစ်ခု။
'ဒါငါ့ကိုကိုသတိုးမာန်ပြည့်ရှိန်လေ'
'ကိုကို'
'ကိုကိုကြယ်ကြည့်ချင်တယ်'
'ကလေးသွားမယ်လေ'
'ကလေးလေး'
'ညီလေးအတ္တကေကျာင်းမှာကလေးလေးကိုစောင့်ရှောက်ပေးနော်'နားထဲကြားယောင်လာသော စကားသံများ။
"အားးးဘာတွေလဲကွာ!!"
အမြင်အာရုံတွေပါ ဝေဝါးလာရသလို လူလည်း အရူးတစ်ယောက်ကဲ့သို့ ကယောင်ချောက်ချားဖြစ်လာတော့သည်။မျက်လုံးကို စုံမှိတ်ထားချိန် ညတစ်ည၏ မြင်ကွင်းတစ်ခုက အာရုံထဲ ပေါ်လာသည်။
"ခင်ဗျားဗျာ!ကျော်လေးကခင်ဗျားကိုလူကောင်းလို့ထင်ခဲ့တာဗျ"
"ငါကခိုင်းတဲ့အတိုင်းလုပ်ရတာ..အမိန့်တိုင်းအတွက်ငါ့မှာငြင်းပိုင်ခွင့်မရှိဘူးအတ္တရာ"
"ခင်ဗျားဒီလိုတွေလုပ်ပြီးကျော်လေးအတွက်ဂုဏ်ယူစရာအစ်ကိုဖြစ်ချင်သေးတာလား"
"ငါကကလေးလေးကိုအမြဲစောင့်ရှောက်သွားမှာ"
'ဒိုင်း'
ပစ်လွှတ်လိုက်သော ကျည်ဆန်တစ်ချက်ကြောင့် ကမ်းပါးထဲ ပြုတ်ကျသွားခဲ့ရသည်။နားထဲ တသွင်သွင် စီးနေသော ရေစီးသံမှတစ်ပါး ဘာအသံမှမကြားရတော့ဘဲ သူလည်း မေ့မြောသွားခဲ့ရသည်။
YOU ARE READING
Rewrite the star (Complete)
Teen Fictionရန်သူတွေဖြစ်သွားကြတဲ့အခါမင်းရွေးချယ်မှုကိုတော့မသိပေမဲ့ငါ့ရဲ့ရွေးချယ်မှုကအမြဲတမ်းအတွက်မင်းတစ်ယောက်တည်းပါပဲကျော်လေးရယ်.. ကံကြမ္မာကကျွန်တော်တို့ကိုရေးတာလား...ကျွန်တော်တို့ကကံကံကြမ္မာတို့ပြန်ရေးကြတာလား.. တစ်ချို့ကိစ္စတွေမှာပုံသေသတ်မှတ်ထားပြီးသားကံကြမ္မာ...