part26

261 8 0
                                    

       ည(8)နာရီ။နှင်းမကျဘဲ ဆောင်းညလေတဖြူးဖြူးသာ တိုက်ခတ်နေသည်။ဆိုလ်းမြို့လမ်းမကြီးများတွင် ကားအသွားအလာများပြီး လူစည်ကားလျက်ရှိသည်။အမွေးထည်ကုတ်အထူကြီးကို ဝတ်လျက် ဝရန်တာအပြင်ဘက်တွင် ထွက်ရပ်နေသူကတော့ ကျော်လေးဖြစ်သည်။

"ကိုကိုရေ..မပြီးသေးဘူးလား..ကြာလိုက်တာ"

"ပြီးပါပြီဗျ"

       အတ္တတစ်ယောက် ကုတ်တစ်ထည် ဝတ်ပြီးထွက်လာသည်။ကျော်လေးကတော့ မျက်မှန်လေးတပ်ထားပြီး အလွန်ချစ်စဖွယ်ကောင်းနေသည်။အတ္တထွက်လာတော့ ကျော်လေးက အတ္တ လက်ကိုသွားဆွဲလိုက်ပြီး

"ကိုကိုသွားရအောင်လို့"

       နှုတ်ခမ်းလေးဆူပြီး လာချွဲနေသော ကောက်‌ကွေးလေး၏ နှုတ်ခမ်းဖူးဖူးလေးများကို ငုံ့နမ်းပစ်လိုက်သည်။ကျော်လေးနှင့် အတ္တတို့နှစ်ယောက် ဆိုလ်းမြို့၏ ဟန်မြစ်ကမ်းကို ထွက်လာခဲ့ကြသည်။ဘတ်စ်ကား စီးကြတော့ ဘတ်စ်ကားထဲမှ သီချင်းသံသည် ငြိမ့်ညောင်းစွာ။BTSအဖွဲ့၏ Life Go Onသီချင်းကို ကျော်လေးက လိုက်ဆိုနေသည်။BTSအဖွဲ့သည် ကျော်လေးအကြိုက်ဆုံး K- pop boy groupဖြစ်သည်။
         ဘတ်စ်ကားမှတ်တိုင်တစ်ခုတွင် ဆင်းလိုက်ပြီး နှစ်ယောက်သား ဟန်မြစ်ကို လမ်းလျှောက်ထွက်လာခဲ့ကြသည်။ဆိုလ်းမြို့၏ ညမြင်ကွင်းသည် ငေးမောဖွယ်ရာအတိ။မြို့ပြ မီးရောင်စုံများအောက်တွင် လက်တွဲပြီး လမ်းလျှောက်ထွက်နေကြသော ချစ်သူစုံတွဲများတွင် ကျော်လေးနှင့် အတ္တ တို့အတွဲလည်း အပါအဝင်ဖြစ်သည်။
       Street food ဆိုင်များလည်း ဝယ်သူများအပြည့်။ကျော်လေးတစ်ယောက် တွေ့သမျှအစားအစာမှန်သမျှကို စားချင်နေတော့သည်။

"ကိုကိုcorn dogစားချင်တယ်"

        Corn dogဆိုင်လေးကို လက်ညိုးထိုးပြီး ပြောလာသော ကျော်လေး။‌အတ္တ ကျော်လေးကို အလိုလိုက်ပြီး ခေါင်းညိမ့်ပေးလိုက်သည်။ကျော်လေးက corn dogဆိုင်လေးဆီ အပြေးသွားပြီး သွားတန်းစီနေတော့သည်။လူများလွန်း၍ တန်းစီပြီးစောင့်ရသည်အထိ။အတ္တက ကျော်လေးလက်ကိုဆွဲပြီး ကျော်လေးနှင့်အတူ သူတို့အလှည့်ရောက်သည်အထိ တန်းစီဖြစ်သည်။သူတို့အလှည့်ကိုရောက်သောအခါ ကျော်လေးက အာလူးcorn dogနှင့် ချိစ်corn dogနှစ်ချောင်းမှာလိုက်သည်။
        ဆိုင်ရှင် ကောင်လေးက ‌corn dogနှစ်ချောင်းကို ချက်ချင်းကြော်ပေးနေသည်။နှစ်ယောက်သား ရပ်စောင့်နေပြီး ရသည်နှင့် ပိုက်ဆံရှင်းပြီးထွက်လာလိုက်သည်။ပိုက်ဆံရှင်းပေးသည့်သူက အတ္တသာဖြစ်သည်။ကျော်လေးကတော့ ပိုက်ဆံရှင်းပေးသည့် ရည်းစားလေးတစ်ယောက်လုံးပါလာသည်ကို အခွင့်ကောင်းယူကာ တော့ပိုကီလည်း ဝယ်သည်။ဆိုဂျူနှစ်ပုလင်းလည်း ဝယ်သည်။ကြက်အစပ်ကြော်တစ်ပွဲလည်း ဝယ်သည်။
        စားစရာအစုံဝယ်လာပြီး နှစ်ယောက်သား မြစ်ကမ်းနံဘေးတွင် တူတူထိုင်ဖြစ်သည်။မြစ်ထဲတွင် မီးရောင်စုံထွန်းထား‌ေသာ အပျော်စီးသဘော်ကြီးသွားနေသည်။သဲသောင်ပြင်ပေါ်တွင် အခင်းမပါဘဲ ထိုအတိုင်းသာ ထိုင်လိုက်သည်။ကျော်လေးက ချိစ်corn dogကို တစ်ကိုက်ကိုက်ပြီး ချိစ်အမျှင်များကို ဆွဲလိုက်သည်။ချိစ်အမျှင်တန်းများက တွဲလောင်းပါလာသည်။ကျော်လေးက အတ္တကို ကြည့်ပြီး ရီပြလိုက်သည်။

Rewrite the star (Complete)Where stories live. Discover now