part37

489 16 2
                                    

"နွေဦးမှာလေရူးကကျီစယ်ပေမဲ့လက်ပံပွင့်ကတကယ်ကိုကြွေရတယ်တဲ့"

"ကံကြမ္မာကမျက်နှာပေးခဲ့တဲ့အချိန်တုန်းကတောင်မောင်ကကျွန်တော့်ဘက်ယောင်လို့တောင်ခြေလှမ်းမယိုင်ခဲ့ဝာာ။အခုလိုအချိန်မှထပြီးချစ်တယ်ပြောတာကိုယုံခဲ့မိတယ်"

         ဘယ်ကမှန်းမသိတဲ့ လူတစ်ယောက်ကို ခံစားချက်တွေ ရင်ဖွင့်နေမိသည်။ထိုလူကလည်း မဟာပြောသမျှကို အကုန်နားထောင်ပေးနေသည်။
       မိုးချုပ်စပြုနေပြီဖြစ်သော ကောင်းကင်မှောင်မှောင်ကြီးကိုပါ အံတုရင်းနှစ်ယောက်သား ကျောက်ဆောင်တစ်ခုပေါ်တွင် ထိုင်နေကြသည်။မိုးကလည်း ရွာနေတုန်း။ပင်လယ်ပြင်ကြီးဆီ ကျဆင်းလာသည့် လျှပ်စီးအလင်းတန်းတွေ။အလင်းတန်းတွေ ရောက်လာပြီးနောက် တဂျိမ်းဂျိမ်းနှင့် မိုးခြိမ်းသံကိုလည်း ကြားရသည်။

"လူတိုင်းကအချစ်ခံရဖို့ထိုက်တန်တယ်..မင်းရောပဲ"

"လူတစ်ယောက်ကအခြားလူတစ်ယောက်အတွက်အသက်ကိုပေးရဲတယ်ဆိုရင်အဲတာတကယ်ချစ်တာတဲ့"

"ဒါပေမဲ့မင်းကရူးမိုက်နေတာ။ဘာမဟုတ်တဲ့ကောင်အတွက်တန်ဖိုးရှိတဲ့ကိုယ့်ဘဝကိုစွန့်ပစ်ချင်နေတဲ့ငမိုက်သား"

         ထိုလူက သူ့ကိုကြည့်ပြီး ပြောလာသည်။မဟူရာအနက်ရောင် မျက်လုံးများ၏ အကြည့်များက မောင့်၏ အကြည့်များနည်းတူ အကြည့်စူးစူးများ။ဖြူသည်မဟုတ် ညိုသည်မဆိုရသော အလယ်အလတ် အသားအရေက အကျီအဝါ‌ေရာင်နှင့် လိုက်ဖက်ညီစွာ။ဆံပင်သပ်တင်လိုက်ပြီး

"မင်းအဖေဆီသွားပြီးမင်းရဲ့မောင်ကိုမင်းအပိုင်ဖြစ်အောင်ပြန်လုပ်ယူလို့ရတာပဲ..ဘာတွေနှောင့်နှေးနေမှာလဲ"

"မဟုတ်ဘူး။အတင်းလုပ်ယူပြီးရလာတဲ့အချစ်တစ်ခုကိုကျွန်တော်မလိုချင်ဘူး။ကျွန်တော်ကမောင်လိုလိုလားလားပေးလာမဲ့အချစ်ကိုပဲတပ်မက်တာ"

       ထိုလူပြောသလိုသာ လုပ်မည်ဆိုရင် မောင်က သူ့အပိုင်မဖြစ်လာနိုင်စရာ အကြောင်းမရှိ။ကောင်းကင်နှင့် မောင်ကို တစ်နည်းနည်းနဲ့ကွဲအောင်လုပ်ပြီး မောင့်ကို အပိုင်ဖြစ်အောင်လုပ်ယူလို့ရသည်။သို့သော် မောင့်အချစ်ကို ရယူလို့‌တော့မရ။မောင်ပေးမယ့် ချစ်ခြင်းမေတ္တာတွေကို သူမရနိုင်ပါ။

Rewrite the star (Complete)Where stories live. Discover now