part15

300 14 0
                                    

"ဒါ uranusဂြိုဟ်ရဲ့ သက်ေတတစ်ခုပဲဦးလေး!အရင်တုန်းကရောမလူမျိုးတွေကနက္ခတ်တွေဗေဒင်တွေတွက်တဲ့နေရာမှာသုံးကြတာ"

        သတိုးမာန်ပြည့်ရှိန်က သာယာ့ညာဘက်နံရိုး‌အောက်ရှိ တက်တူးကို ဦးသူရိန်အောင်အား ပြရင်းပြောနေသည်။

"စေတန်ကမသေခဲ့ဘူးလား"

        ဦးသူရိန်‌ေအာင်က မယုံနိုင်စွာ တက်တူးကို တစိမ့်စိမ့်ကြည့်ရင်း ပြောနေခဲ့သည်။သာယာ့ခန္ဓာကိုယ်ပေါ်က တက်တူးအကြောင်းကြားပြီး ချက်ချင်း ကော့သောင်းကို လိုက်လာခဲ့သည်။‌

"ကျောက်စိမ်းတွေကရော"

"ရှာလို့မတွေ့သေးဘူးဦးလေး..ကျွန်တော့်အထင်တော့သာယာကိုသတ်တဲ့သူကကျောက်စိမ်းတွေကိုယူသွားတာဖြစ်ရမယ်"

"ကျောက်စိမ်းကိစ္စထားလိုက်တော့..အဲဒီတက်တူးအကြောင်းကိုသေချာသိအောင်စုံစမ်း"

"......."

"စေတန်သာပြန်လာခဲ့ပြီဆိုရင်ငါတို့မှာအန္တရာယ်ရှိတယ်"

        အတိတ်က စေတန်အပေါ်ကျူးလွန်ခဲ့‌‌ေသာ လုပ်ရပ်အတွက် ဦးသူရိန်အောင်စိုးရိမ်နေမိသည်။စေတန်သိပ်ချစ်ပါသည်ဆိုသော ခင်သဲဖြူဆိုသည့် မိန်းမပျိုကို အတင်းလုယူခဲ့သည်။စေတန်၏ စီးပွားရေးလုပ်ငန်းတွေအကုန် အရှုံးပေါ်အောင်လုပ်ပြီး မူးယစ်ဆေးမှောင်ခိုရောင်းဝယ်မှုနှင့် ထောင်ကျအောင် လုပ်ခဲ့သည်။စေတန်တွင် ပိုင်ဆိုင်မှု မြူမှုန်တစ်မှုန်စာလောက်မရှိအောင်ပင် သူလုပ်ခဲ့သည်။
       စေတန်သာ မသေခဲ့ရင် အတိတ်က သွေးကြွေးကို ပြန်ဆပ်ခိုင်းမည်မှာ အသေအချာပင်။သာယာ့ခန္ဓာကိုယ်ပေါ်မှ တက်တူးသည် အရင်ကမြင်တွေ့ခဲ့ဖူးသော စေတန်၏ တက်တူးမျိုးမဟုတ်။စေတန်မဟုတ်သော်လည်း စေတန်နှင့် သက်ဆိုင်သည့်လူသာ ဖြစ်ရမည်။စေတန်၏ ရူးမိုက်သော အယူအဆကို လက်ခံနေသူဖြစ်ရမည်။ထို့ကြောင့်လည်း ဝိညာဉ်ပိုင်ဆိုင်ခြင်းတက်တူးကို သာယာ့ခန္ဓာကိုယ်ပေါ်တွင် ထိုးခဲ့ခြင်းဖြစ်သည်။

"သတိုးမာန်ပြည့်ရှိန်"

"ဟုတ်ကဲ့"

"စံသာဆီသွားရအောင်..သိချင်နေတာတစ်ခုရှိတယ်"

Rewrite the star (Complete)Where stories live. Discover now