"မောင်..မူးအောင်သောက်လာပြန်ပြီလား"
"အဲတာလဲမင်းစောက်လုပ်ပဲလား"
ကုတင်ပေါ်တွန်းလှဲခံလိုက်ရပြီး မောင့်ရဲ့ ရီဝေဝေအကြည့်တွေက လူကိုအရူးအမူးဖြစ်စေခဲ့သည်။သူ့အပေါ်အုပ်မိုးထားသော မောင့်နှုတ်ခမ်းတွေကို ငုံထွေးကာ နမ်းပစ်လိုက်သည်။
"မင်းဒါဘာလုပ်တာလဲ"
မောင်က သူ့ကို အားနှင့် ဆောင့်တွန်းလိုက်သဖြင့် အိပ်ရာပေါ်ပစ်လှဲသွားသည်။မောင့်မျက်နှာက အလိုမကျမှုတွေအပြည့်နှင့်။
"မောင်..ဒီညငါတို့.."
ထိုအရာသည် သူ့အနေနှင့် ပထမဆုံးတောင်းဆိုမှုတစ်ခုဖြစ်သည်။4နှစ်တာလုံး မောင်နှင့်သူသည် ချစ်သူတွေလိုနေခဲ့သော်လည်း ခန္ဓာကိုယ်ချင်းနီးစပ်မှုမရှိခဲ့။မောင့်ကို လုံးလုံးလားလားပိုင်ဆိုင်ချင်သည်။မောင်ဟာ သူ့အပိုင်ပါဆိုတာကို တစ်လောကလုံးသိအောင် ကြေညာမောင်းခတ်ပစ်ချင်သည်။
"မင်းတော်တော်ခံချင်နေတာလား"
"မောင်!"
မောင့်မျက်နှာပေါ်က လှောင်ပြုံးက ထင်းခနဲ။ဒေါသကြောင့်ရော အရှက်ကြောင့်ပါ မျက်နှာတစ်ပြင်လုံးနီရဲသွားရသည်။
"မဟာ..မင်း..မင်းကျော်လေးမှဟုတ်ရဲ့လား"
"အမ်!"
မောင်အခုလိုတွေမေးတိုင်း သူ့တွင် ပြန်ဖြေရန် အဖြေမရှိ။သူ့အတွက် ဖြေရခက်လွန်းသည့် မေးခွန်းမျိုးဖြစ်နေသည်။အဖြေမပေးဘဲ မောင့်ကို ကြည့်နေစဉ်
"ငါဘာလို့ဒီလိုခံစားချက်တွေရနေတာလဲမဟာရာ"
"..."
စကားလုံးများပြောမထွက်ဘဲ လည်ချောင်းထဲ ဆို့နစ်နေသည်။မောင်မူးလာတိုင်း ထိုစကားမျိုး ပြောနေကြဖြစ်သည်။ထိုအချိန်တိုင်းလည်း သူမသုံးချင်သော မုသားများဖြင့် မောင့်နှလုံးသားကို လိမ်ညာရစမြဲဖြစ်သည်။အခုတစ်ခေါက်တော့ သူလိမ်ညာဖို့ ခွန်အားမရှိ။နာရီလက်တံကိုမြန်ဆန်အောင်လုပ်ပြီး ထိုအခိုက်အတန့်တိုင်းကို ကျော်ပစ်လိုက်ချင်သည်။
YOU ARE READING
Rewrite the star (Complete)
Novela Juvenilရန်သူတွေဖြစ်သွားကြတဲ့အခါမင်းရွေးချယ်မှုကိုတော့မသိပေမဲ့ငါ့ရဲ့ရွေးချယ်မှုကအမြဲတမ်းအတွက်မင်းတစ်ယောက်တည်းပါပဲကျော်လေးရယ်.. ကံကြမ္မာကကျွန်တော်တို့ကိုရေးတာလား...ကျွန်တော်တို့ကကံကံကြမ္မာတို့ပြန်ရေးကြတာလား.. တစ်ချို့ကိစ္စတွေမှာပုံသေသတ်မှတ်ထားပြီးသားကံကြမ္မာ...