Part - 2

2K 110 9
                                    

၁၀နှစ်ဆိုတဲ့အတိုင်းအတာက ဟိုလှည့်၊ဒီလှည့်နဲ့ပြည့်လာခဲ့ပြီ။ ဧည့်ခန်းအတွင်းမှ မိသားစုဓာတ်ပုံထဲတွင် စစ်ဗိုလ်ဝတ်စုံဝတ်ထားရသူက ကိုယ်တစ်ယောက်တည်းမဟုတ်တော့ပေ။ သားဖြစ်သူ DEUSကလည်း စစ်ဗိုလ်ဝတ်စုံဖြင့်ခန့်ညားစွာပင်။
သမီးရယ်၊ချစ်ရတဲ့အမျိုးသားOmegaလေးရယ်၊
သားကြီးရယ်နဲ့ပြည့်စုံနေပြီမို့ ရာထူးကြီးကြီးဘဝကနေလည်းအနားယူဖို့ နီးလာပြီ။ သားတွေ၊သမီးကို အိမ်ထောင်ရက်သားချပေးဖို့ပဲ ကျန်တော့သည်။

ဗိုလ်ချုပ်မှူးကြီးဆိုတဲ့ရာထူးနဲ့ လက်တင်အမေရိကလက်အောက်ရှိ တိုင်းပြည် ၁၄ခုလုံးကိုအုပ်ချုပ်နိုင်ခဲ့၏။ Chescherမိသားစုအတွက် ဂုဏ်ယူစရာအကောင်းဆုံးတွေထဲက တစ်ခုဖြစ်လာခဲ့သည်။

သားဖြစ်သူ DEUS Chescherကလည်း Dominant Alphaဖြစ်သည်။ သမီးဖြစ်သူ Dani(ဒါနီ)ကလည်း Dominant Omegaမို့ နိုင်ငံပေါင်းများစွာက Betaမိသားစုများ၊ Alphaမိသားစုများက လိုချင်နေကြ၏။ ဆွေမျိုးများကြား ထဲ၌လည်း မျက်နှာပွင့်ရခြင်းမှာ DEUSရဲ့ ကျော်ကြားမှုများကြောင့်သာ။

DEUSတစ်ယောက် Brazilနိုင်ငံတွင် ရှေ့တန်းထွက်နေပြီး တိုက်ပွဲတိုင်းအောင်မြင်နေတယ်ဟုလည်း ကြားသိရတာမို့ သားအတွက်ဂုဏ်ယူရသည်။ အိမ်ပြန်လာတဲ့အခါ စေ့စပ်ထားတဲ့ သူ့ရဲ့သတို့သားနဲ့လက်ထပ်ဖို့သာ တိုက်တွန်းရတော့မှာပင်။

DEUSက ဗိုလ်ချုပ်ကြီးဆိုသောရာထူးနဲ့မို့ သမ္မတရဲ့သားနဲ့လက်ထက်ရခြင်းမှာ အဆင်မပြေစရာတော့မရှိနိုင်ပြီ။ သမ္မတလောင်းကို လက်ထပ်မှာမှမဟုတ်တာလေ။ မြန်မာပြည်က ပြည်သူတွေဘက်က နားလည်လက်ခံပေးမည်ထင်၏။ 'ကောင်းခြင်းမင်္ဂလာ'ဆိုတဲ့ ကလေးလေးကလည်း Dominant Omegaမဟုတ်သော်လည်း အလိမ္မာလေးမို့ အဆင်ပြေပါသည်။

သမ္မတလောင်းလျာလေး 'လာလာ'နဲ့DEUSကို လက်ထပ်စေချင်သော်လည်း 'လာလာ'က မင်္ဂလာပွဲကို ငြင်းခဲ့တာမို့ စေ့စပ်ဖို့ရာမဖြစ်နိုင်ခဲ့ပေ။

"ဗိုလ်ချုပ်မှူးကြီး..."

"ဗိုလ်ကြီးအယ်ဒို ဘာကိစ္စကလဲကွယ်..."

"ဗိုလ်ချုပ်ကြီးပေးခိုင်းလိုက်လို့ပါ...ကျွန်တော်တို့အမှတ်စဥ်တွေအရင်ပြန်လာတာပါ ဗိုလ်ချုပ်မှူးကြီး..."

DEUSWhere stories live. Discover now