Part - 35

1K 71 3
                                    

"ချန်ဖုန်း မင်းဘယ်တွေရောက်နေတာလဲကွာ..."

စိုင်းသျှန်က သူ့ရဲ့လက်ကြားထဲက ဆေးပေါလိပ်အတိုကို ခပ်နက်နက်ရှူရှိုက်ရင်း သူ၏ရှေ့မှဓာတ်ပုံဘောင်လေးကိုငေးကြည့်နေခဲ့သည်။ သူ့ရဲ့မျက်ဝန်းတွေဟာ ပူဆွေးသောကထြစ်နေခြင်းကို အတိုင်းမသိမြင်နိုင်သော်လည်း နှုတ််ခမ်းပါးတွေကတော့ ပြုံးလျက်။

"ချန်ဖုန်း...
မင်းမို့ မောင့်ကိုထားခဲ့ရက်တယ်ကွာ..."

မျက်တောင်တွေကြားထဲမှ အရည်လဲ့လဲ့တွေကို ပုတ်ခတ်ကာ တစ်ဖက်သို့မျက်နှာလွှဲ၏။

'ကိုယ်သိပ်ချစ်ရတဲ့သူက ကိုယ့်မှာ ဘာအပြစ်မှမရှိပဲ ကိုယ့်ကိုစွန့်ပစ်ခဲ့တယ်ဆိုတဲ့ ခံစားချက်ကို ခံစားဖူးကြပါသလား'...

ဘဝမှာအားလုံးနဲ့လဲပြီး မင်းကိုပဲချစ်ပါမယ်ဆိုတဲ့ လူကို ထားပစ်ခဲ့တဲ့သူကိုတွေ့ရင် ရက်စက်လိုက်တာလို့ ပြောရမှာလား။ ဘယ်လို နှုတ်ဆက်ရမလဲ။

ပြန်ဆုံကြတဲ့အခါ မင်းမှားခဲ့လဲ မောင်တောင်းပန်ပါမယ်။ ပြန်လာခဲ့ပါလား ချန်ဖုန်းရာ။ မောင် မင်းကိုလွမ်းလှပြီ။

ဆေးစွဲချိန်တိုင်း အိပ်မက်ထဲမှာ ရစ်မူးတဲ့အခါ
ချန်ဖုန်းက ရောက်လာတတ်မြဲ။

ငါမကြိုက်တာတွေကို လုပ်နေပြန်ပြီလားဆိုတဲ့ ငေါက်သံလေးနဲ့ ငြူစူတတ်မြဲ။

မင်းပြန်လာဖို့ ငါဘယ်လိုလုပ်ပေးရမှာလဲ။

ဘယ်တိုင်းပြည်ကို ဖြိုဖျက်ပစ်မှ မင်းကိုရှာလို့တွေ့ရမှာလဲ။ မောင့်ဆီ ပြန်လာပါကွာ။

မျက်ရည်တွေဟာ သူ့ရဲ့မျက်ခမ်းစပ်ထောင့်မှ ထွက်ကျလာချိန်ဝယ် စိုင်းသျှန်ရဲ့မျက်ဝန်းတွေဟာ မှိတ်ကျလျက်။ သူ့ရဲ့လက်မှဆေးပေါ့လိပ်တိုကလည်း ကုန်သွားခဲ့လေပြီ။

"အိပ်မက်ထဲမှာ မင်းကိုတွေ့ပြီ... မောင် မင်းနဲ့လာတွေ့ပြီ ချန်ဖုန်း..."

......

လွန်ခဲ့သောနှစ်ပေါင်း၃၀ ကျော်သို့ အိပ်မက်ဖြစ့်ရောက်ရှိခြင်း...

"ဟေ့ ဖက်တီး..."

"ဘာလဲ..."

"မင်းလက်ထဲက မုန့်ငါ့ကိုပေးစမ်း..."

DEUSWhere stories live. Discover now