Part - 11

1.5K 86 17
                                    

"ဗိုလ်ချုပ်ကြီးအိမ်မှာရှိလားဟင်..."

"သခင်လေးကောင်းခြင်းလားဗျ..."

"ဟုတ်ပါတယ်..."

"ဗိုလ်ချုပ်ကြီး အခု..."

အိမ်ထဲဝင်လာသော Deusကိုမြင်လိုက်ရသော အိမ်တော်ထိန်းက တစ်ဖက်မှဖုန်းကို ဝမ်းပန်းတသာဖြေဖို့အားခဲထားပုံပင်။ မျက်မှောင်ကြုတ်ထားသော မျက်ခုံးတွေကို ပိုမိုစုကျုံ့ကာ ခေါင်းခါပြလိုက်သော  Deusကြောင့် အိမ်တော်ထိန်းမှာ စကားလုံးတွေပြန်လည်ရှာ​လို့မရတော့ပေ။

"ဗိုလ်ချုပ်ကြီးအခုပဲ အိမ်ကထွက်သွားတာပါ..."

"ကောင်းချီးရော ရှိလားဟင်...သူအဆင်ပြေရဲ့လား..."

"Heatကာလမို့ အခန်းထဲမှာပဲနေနေရပါတယ်..."

"Heatဝင်နေတဲ့ Omegaအနားမှာ သူ့ရဲ့ Alphaက
ရှိနေသင့်တာလေ...ဗိုလ်ချုပ်ကြီးက ဘယ်ကိုသွားတာလဲ...ကောင်းချီးအဆင်မပြေရင် ဘယ်လိုလုပ်မလဲကွယ်...အကိုDeusကို ဆက်သွယ်လို့ရမယ့် ဖုန်းလေးဘာလေး မရှိဘူးလား..."

"အဆက်အသွယ်ရရင် ကျွန်တော်ဖုန်းဆက်လိုက်ပါ့မယ်..."

ဖုန်းချလိုက်သော အိမ်တော်ထိန်းကို ဘာလဲဆိုကာ မျက်ခုံးပင့်မေးလာ၏။ အိမ်တော်ထိန်းကလည်းဖြစ်သမျှအကြောင်းကို အစုံအလင်ရှင်းပြလိုက်လေရာ Deusရဲ့မျက်နှာကတည်တင်းနေလေပြီ။

"ကောင်းချီးမင်္ဂလာက ပြဿနာရှာနေတာပေါ့..."

"အိမ်ကိုပြန်မယ်လို့ပဲပြောနေတာပါ ဗိုလ်ချုပ်ကြီး...
ပြဿနာရယ်တော့ မဟုတ်ပါဘူး..."

"အဲ့တာပြဿနာပဲပေါ့..."

"..."

"အဲ့သောက်ကလေးက နောက်တခါအဖမ်းခံချင်နေတာလားမသိဘူး..."

"Heat ကာလပြီးပြီဆိုတော့ သခင်လေးမှာလဲ မွေးနေ့ပွဲနဲ့ မြင်းစီးပြိုင်ပွဲအတွက် ရက်ရွေ့ထားတာတွေကို ပြန်လည်ပြင်ဆင်ရမယ်လို့ကြားမိပါတယ်
ဗိုလ်ချုပ်ကြီး..."

"အဲ့တာကသူ့ဘာသူ အိမ်ထဲကနေညွှန်ကြားလိုက်ရင်ရနေတာကို သပ်သပ်မယ့်လမ်းရှာနေတာ..."

"အိမ်တော်ထိန်းပြောလိုတာကလေ ညှိယူကြည့်ကြပါလားလို့ကွယ်... ဗိုလ်ချုပ်ကြီးရဲ့စကားကို သခင်လေးကောင်းချီးက နားထောင်ပါတယ်..."

DEUSWhere stories live. Discover now