Part - 18

1.3K 81 21
                                    

မြန်မာလူမျိုးပီပီသသလက်ထက်တောင်းရန်းဖို့ရာ
အိမ်သို့လာကြမယ့် Maldiviesမှ သမ္မတကြီးရဲ့အဖိုးက အိမ်သို့ရောက်လာတော့မှာပင်။ စစ်ဗိုလ်ချုပ်မှုးကြီးတစ်ဦးပေမို့ အာဏာစက်ပြင်းပြပြီး စကားအပြောအဆိုက အနည်းငယ်ခက်ထန်မာကျော၏။ကိုကိုလတ်က သူ့ရဲ့ယောကျာ်းဘက်မှ ဆွေမျိုးတွေကို ပထမဦးဆုံးအကြိမ်တွေ့ရမှာဖြစ်လေသည်။

အသက်အရွယ်ကြီးသောလူကြီးလဲဖြစ်သလို မယ်လ်ဒိုက်နိုင်ငံ၏စစ်ဗိုလ်ချုပ်မှူးကြီးပေမို့ တလေးတစားနဲ့ခရီးဦးကြိုနေကြ၏။ Mateoက အဖိုးဖြစ်သူကို သူကိုယ်တိုင်လေယာဥ်နဲ့ခေါ်လာလိမ့်မည်။ Diegoက မြန်မာ့ထုံးတမ်းအစဥ်အလာတွေကိုလေ့လာရင်း အဘိုးဖြစ်သူကို သူ့ရဲ့အမျိုးသားတိုင်းပြည်မှ ကြိုဆိုကာ ကန်တော့ပွဲရွက်ပေးဖို့ တောင်းပန်လိမ့်မှာပင်။

ဘာလို့ဆို ဗိုလ်ချုပ်မှုးကြီးChescherရဲ့အမျိုးသား
DEUSရဲ့ဖခင်က Maldivesသမ္မတကြီးDiegoရဲ့အဘိုးဖြစ်သူမှ ကန်တော့ပွဲရွက်လို့ တောင်းရမ်းပေးပါရန်တောင်းဆိုခဲ့ခြင်းကြောင့်ပေ။

အဲဒီလိုအပြုအမူသာမလုပ်ပါလျှင် Chescherမိသားစုဘက်မှ သူတို့နဲ့စေ့စပ်ထားတဲ့Omegaလေးကို လက်လွှတ်ပေးမှာမဟုတ်ကြောင်းနဲ့ Diegoရဲ့မျိုးဆက်ရှိမလာနိုင်မည်ဖြစ်ကြောင်းကို အတိအလင်းကြေငြာခဲ့၏။

"ကြောက်မနေနဲ့ မင်းသာကလေးမမွေးပေးရင်
အဲ့ဒီကောင်မျိုးဆက်မရှိတော့ဘူး...သူတို့မင်းကို မောက်မောက်မာမာဆက်ဆံလာရင် ငါ့အဖိုးနဲ့တိုင်ပြောပေးမယ်..."

"Deusကလဲ စနေပြန်ပြီ..."

"..."

"ကျွန်တော်တကယ်ကြောက်တာပါ... အဘိုးရဲ့ပုံကလေ TVမှာအမြဲတွေ့နေကျ... ခက်ထန်မာကြောတဲ့မျက်လုံးတွေနဲ့ စကားပြောရင်လဲ အထက်စီးဆန်တယ်... အခုအချိန်ဖေဖေက အထိမခံနိုင်ဖြစ်နေတာလေ ပြီးတော့ ဖေဖေကလည်း ကောင်းခြင်းနဲ့
ခွဲမနေချင်ဘူး...စကားတွေပြောရင်း လွန်ကုန်မှာကြောက်လို့..."

"ဟာ! အဲ့ဘဲတွေအဲ့လောက် သတ္တိမရှိရဲပါဘူး..."

ကောင်းခြင်းက မျက်တောင်လေးပုတ်ခတ်၊ပုတ်ခတ်နဲ့ ပင်ပန်းစွာရယ်နေ၏။ သူ့ရဲ့မျက်နှာလေးကလည်း တကယ့်ကိုစိုးထိတ်နေပုံ။ Deusကလည်း တွေးဆဆနဲ့ တစ်ခုခုကိုစဥ်းစားနေသည်။

DEUSWhere stories live. Discover now