Part - 3

1.7K 109 11
                                    

"လာလာ နဲ့အတူ Nurseတွေရော...ဆရာဝန်တွေပါပျောက်တာဆိုတော့ သွေးရိုး၊သားရိုးမဟုတ်ဘူး..."

လာလာရဲ့အကိုနှစ်ယောက်မှာ သူတို့ရဲ့ညီလေးကိုလိုက်လံရှာဖွေဖို့ လူစုနေရ၏။ ရုတ်တရက်ကြီးကိုမှ
အစောင့်အရှောက်တပ်တွေရှိနေရက်နဲ့ အရေးပေါ်လူနာပျောက်သွားရခြင်းမို့ အားလုံးမှာအလုပ်တွေရှုပ်နေခဲ့ပြီ။

"ဘယ်လိုလုပ်ကြမလဲ ကိုကိုကြီး...ညီလေးက ခွဲစိတ်ထားရတာမဟုတ်လား...သူ့ရဲ့ခန္ဓာကိုယ်က ကောင်းခါစပဲရှိသေးတယ်...အဆင်ပြေပါ့မလား..."

"ငါလည်းစိတ်ပူနေတာပဲ အစည်းအဝေးပြီးတဲ့အထိစောင့်ကြတာပေါ့..."

"ဗိုလ်ချုပ်ကြီးက ကယ်ပေးပါ့မလား..."

"ဘာလို့အဲဒီလိုမေးတာလဲ..."

"ဟို..."

ဘယ်လိုပြောရမလဲ။ DEUSနဲ့စေ့စပ်ဖို့ရာ လာလာဘက်မှ ငြင်းဆန်မှုဖြစ်ပွားခဲ့၏။ အဲဒီ့တုန်းကဆိုရင် ဗိုလ်ချုပ်ကြီးက ဒေါသထွက်နေခဲ့သည်။ သူ့လိုလူမျိုးကို မလိုချင်ရအောင် ဘယ်နေရာချို့ယွင်းနေလို့လဲဆိုသော မေးခွန်းတွေနဲ့ ရှေ့တန်းထွက်သွားရ၏။

ရန်သူတပ်ရင်းကို တစ်ညနဲ့အသေအကြေတိုက်ခိုက်ပြီးနောက် ဗိုလ်ကြီးရာထူးမှ ဗိုလ်ချုပ်ကြီးရာထူးကို အရယူကာ လာလာနဲ့စာရင်းလာရှင်းခဲ့၏။ တော်သေးတာက လာလာတစ်ယောက် ပစိဖိတ်သမုဒ္ဒရာထဲသို့ အလည်သွားကာ လင်းပိုင်တွေသွားကြည့်နေခြင်းကြောင့် DEUSနဲ့မတွေ့ခဲ့ရပေ။

"ကိုကိုကြီးသိတယ်မဟုတ်လား DEUSက လာလာကိုမကျေမနပ်ဖြစ်နေတာလေ...လာလာက သူနဲ့လက်ထပ်ဖို့ကိုငြင်းခဲ့တာရော...ပြီးတော့ သတင်းတွေလေ..."

လာလာတစ်ယောက် DEUSတို့ဘက်မှ စေ့စပ်ကမ်းလှမ်းမှုကိုငြင်းဆန်ရုံမကပေ။ မီဒီယာတွေရှေ့၌လည်း DEUSကို လက်ထပ်ဖို့ရာ သူ့ဘက်ကကြောက်ရွံမိကြောင်းပြောသေး၏။ သွေးသန်စွန်းနေသော DEUSရဲ့ဓာတ်ပုံတွေက မီဒီယာတွေရှေ့ပေါ်လာပြီးနောက်

'Latinoလူမျိုးဖြစ်သော ဗိုလ်ချပ်ကြီးDEUSက တိုက်ပွဲတွေအောင်မြင်သလောက် ရုပ်ဆိုးလွန်း၍ မင်္ဂလာပွဲပျက်ရခြင်း'ဆိုသော ခေါင်းစဥ်တွေနဲ့ သတင်းရေးခံခဲ့ရတာပင်။

DEUSWhere stories live. Discover now