Part - 9

1.6K 95 9
                                    

Warning+++

"လာလာကို ဖက်ထားပေးပါ Deus..."

မော့ငေးကာတောင်းဆိုလာတဲ့ မျက်ဝန်းဝိုင်းလေးတွေဟာ လုံးဝကိုHeatဝင်သွားခဲ့လေပြီ။ သူ့ရဲ့အသိစိတ်လည်း လွတ်သွားခဲ့လေပြီး Deusရဲ့လည်တိုင်ကိုသိုင်းဖက်ကာ တောင်းဆိုနေသည်။

Alphaရဲ့ဖိနှိပ်မှု ထိန်းချုပ်မှုကိုခံရသော Omegaတိုင်းက သူတို့ရဲ့Alpha၏အမိန့်ကို နာခံကြရစမြဲပေ။ Deusရဲ့ဖယ်ရိုမုန်းတွေ၏ ထိန်းချုပ်မှုအောက်၌ သက်ဆင်းသွားသော လာလာရဲ့မျက်ဝန်းလေးတွေဟာ ရီရီဝေဝေနဲ့ပြုံးလို့ မြတ်နိုးစွာကြည့်နေခဲ့သည်။

Deusကိုသူ့ဘဝရဲ့Alphaအဖြစ်ရွေးချယ်လိုက်ပုံပင်။ ယခုနလေးကပင်လာလာရဲ့အသိစိတ်လေးနည်းနည်းကပ်ငြိနေသေး၏။ အခုတော့လုံးဝကို အသိစိတ်လွတ်သွားလေပြီဖြစ်ရာ မျက်ရည်တွေကျလို့ Deusဆီကတောင်းဆိုနေခဲ့ပြီ။

"လာလာ့ကို မွတ်မွတ်သိပ်သိပ်နဲ့ အနမ်းတွေပေးပါ..."

"ငါဘယ်သူလဲရော သိသေးရဲ့လား..."

"ဟုတ် သိတယ်..."

"မင်းငါ့ကိုလိုချင်တယ်လား..."

"လိုချင်တယ် Deusကို လာလာလိုချင်တာပေါ့..."

"ဒါဆိုပြန်မေးမယ်...ငါဘယ်သူလဲ..."

မျက်ခုံးပင့်ကာ သူဘယ်သူလဲမေးလာတဲ့ Deusကို ကြည့်ပြီး လာလာက ရယ်လေ၏။ ရယ်သွေ့သွေ့အသံလေးနဲ့ ခပ်ချွဲချွဲအမူအရာလေးတွေက Omegaတစ်ယောက်၏ ဖြားယောင်းသွေးဆောင်နေမှုတွေသာ။

"ကိုကို..."

"ငါ့ကိုပဲ မင်းရဲ့အသိစိတ်တွေထဲမှာ အမြဲစွဲလန်းနေရမယ်..."

"အမြဲတမ်းလား...တကယ်အဲ့လိုရလား..."

"အင်း!!! ပြွတ်စ်..."

Deusက လာလာရဲ့နှုတ်ခမ်းတွေကို မွတ်မွတ်သိပ်သိပ်အနမ်းတွေပေးပြီး ဖယ်ရိုမုန်းတွေကိုစုပ်ယူကာ
သူ့ရဲ့ဖယ်ရိုမုန်းတွေနဲ့ နှစ်သိမ့်ပေးနေ၏။ လာလာရဲ့ခါးသိပ်သိမ်လေးကို ပွေ့ပိုက်ကာ အိပ်ရာပေါ်သို့ချီသွားလေ၏။ ကျောပြင်နဲ့မွေ့ရာထိသည်အထိ အသေအချာနေရာချပေးပြီးနောက် ခါးအောက်သို့ခေါင်းအုံးလေးခုပေးကာ အနမ်းတွေကိုလည်း မရပ်တန့်သေးပေ။

DEUSWhere stories live. Discover now