Part - 42

861 71 14
                                    

"Hello Daddyကောင်း..."

"အိပ်နေပြီ မနက်မှဆက် လူအိပ်ချိန်ဖုန်းဆက်စရာလား..."

တစ်ဖက်မှအဖေဖြစ်သူက Deusကိုလှိမ့်ကောနေတာမို့ Deusတစ်ယောက်လေယာဥ်ပေါ်၌ မျက်လုံးတွေပြူးနေခဲ့လေ၏။ အမောဖြေစအချိန် လာလာအိပ်မောကျသွားစဥ်ကတည်းက ဖုန်းခေါ်နေခဲ့တာပဲ။ သူတို့ဘက်က အမှားကို ကိုယ့်အမှားလုပ်နေတာက တရားမျှတရဲ့လား။

လာလာပြောနေကျစကားလို ကိုယ့်မုန်လာဥ ကိုယ့်ဥလုပ်နေတယ်ဆိုလား။

"ဒီမှာDaddy ဖုန်းခေါ်နေတာ အကြိမ်တစ်ထောင်ပြည့်တော့မယ်..."

"မပြည့်သေးရင်ဆက်ခေါ်လေ...မင်းခေါ်တိုင်း ဖုန်းကိုင်မယ်လို့ ဘယ်သူက ကတိပေးထားလို့လဲ..."

"ဟ!!! မပြည့်ခင်ဖုန်းကိုင်လာတာ Daddyလေ..."

"ငါ့အမှားလား ဒါဆိုဖုန်းချမယ်ကွာ ဟေ့ကောင်...
အကြိမ်တစ်ထောင်မပြည့်မချင်းထိုင်ခေါ်ကွာ..."

"ဟာ ဒီလူအိုကြီးကတော့..."

"သန်မာချက်များ နဂါးနိုင်ဓားနဲ့တောင်ယှဥ်မရဘူးကွ...ဒေါင်ဒေါင်နဲ့တစ်ချက်တီး တစ်ချက် အသံထွက်တယ်..."

"ကျွန်တော့်လို တိုက်တန်းနစ်သဘော်နဲ့ ယှဥ်တိုက်ခဲ့တဲ့ ရေခဲကျောက်ဆောင်လောက်သန်မာလို့လား...အဖျားလေးနဲ့ယှဥ်ခနဲထိရုံတောင်...
တခါထိ တခါတုန်းခနဲပဲ...အဟက်
အဖေ့သားမက်ဆို တုပ်တုပ်မလှုပ်ပဲ အိပ်နေရှာပြီ..."

"မင်းအဖေခုဘာလို့ဖုန်းမကိုင်နိုင်လဲဆိုတာ မင်းမသိဘူးမဟုတ်လား...သားလေး ငယ်သေးတယ်..."

"ဓားအိုကြီးကြောင့်နေမှာပေါ့...ဘယ့်နှယ် လေးဆယ်ကျော်လူအိုကြီးက ဓားအိုကြီးနဲ့တွေ့တာ အိပ်နေရမှာပေါ့...၁၆နှစ်အရွယ် ဖလန်း၊ဖလန်းလို့ထင်နေကြတာလား...ဆံပင်ဖြူတွေ ဘယ်နှစ်ချောင်းပေါက်နေပြီလဲဆ်ုတာ တစ်ယောက်၊တစ်လှည့် ရေတွက်လိုက်ကြဦး အဟား..."

"ဒီခွေးသားကတော့..."

Deusကအနိုင်ပိုင်းကာ တဟားဟားရယ်နေလေ၏။ တကယ်လည်းHeatမဝင်ချိန်များဆိုလျှင် Daddy ကောင်းက အမြဲတမ်းခွင့်မပြုတာ ငယ်စဥ်ကတည်းကသိထားသူမို့ အနိုင်ပိုင်းခဲ့တာပင်။ Daddyဗိုလ်ချုပ်မှုးကြီးက Daddyကောင်းကိုတကယ်ကြောက်တာ။ ဒါပေမယ့်လည်း ငယ်ချစ်တွေမို့အလျော့ပေးတာဆိုပြီး ဘဲကြီးက အရှက်ပြေပြောဦးမှာ။

DEUSWhere stories live. Discover now