Part - 39

1K 69 9
                                    

ခမ်းနားလှပါတဲ့ ဇိမ်ခံဟော်တည်ကြီးတစ်ခုအတွင်းရောက်လာခဲ့သည်။ အကောင်းဆုံးဟော်တည်ကြီး၌  လူအယောက်၃၀ကိုသာ ဖိတ်ကြားထား၏။
Omegaအမျိုးသားများနှင့် အမျိုးသမီးတို့သည် ဇနီးနေရာတွင် တာဝန်ယူကြရခြင်းမို့ အရာရှိများ၏ဇနီးအဖြစ် Omegaတိုင်းတက်ရောက်ရသည့်ပွဲပင်ဖြစ်သည်။

ထိုလူတွေဟာလည်း ထိပ်တန်းအဆင့်ရာထူးကြီးများ၏ဇနီးတွေသာတက်ခွင့်ရခြင်းပေ။ ဝန်ကြီးချုပ်ကတော်၏ဖိတ်ကြားမှုကြောင့် ဗိုလ်ချုပ်ကြီးရဲ့ဇနီးနေရာက တက်ရောက်ရသည်။

ရိုးရှင်းလှသောဆင်စွယ်ရောင်Suitsလေးနဲ့ ဗိုလ်ချုပ်ကြီးရဲ့Omegaလေး ကောင်းချီးမင်္ဂလာက အနီရောင်ကော​ဇောကြီးကိုဖြတ်ကာ ခန်းမအတွင်းဝင်လာခဲ့လေ၏။ သူ၏ဖယ်ရိုမုန်းရနံလေးဟာလည်း ပွဲခင်းထဲက လူအားလုံး၏ကို ဖမ်းစားနိုင်ခဲ့သည်။ စိတ်အာရုံကိုလည်း ဖမ်းစားနိုင်လိုက်ပြီထင်၏။ လူတိုင်းကအပြုံးလေးနဲ့ ကောင်းချီးမင်္ဂလာအား ဖော်ရွေစွာနှုတ်ဆက်ကြလေသည်။

"ဗိုလ်ချုပ်ကြီးDeusရဲ့Omegaလေး ကောင်းချီးမင်္ဂလာ မဟုတ်လား..."

"ဟုတ်ပါတယ်ခင်ဗျ..."

လာရောက်နှုတ်ဆက်လေသူက အဖြူရောင်Suitsလေးနဲ့ ၄နှစ် ၅နှစ်အရွယ် ကလေးလေးရဲ့လက်ကိုကိုင်ထားလေ၏။ လာလာ့မှာလည်း သားလေးပါလာတာမို့ သားလေးကတော့ ဟိုငေး၊ဒီငေးနဲ့ ရင်ခွင်ထဲ၌ ငြိမ်ငြိမ်လေးထိုင်နေသည်။

"မွေးစားထားတယ်ဆိုတဲ့ ကလေးလေးလားဗျ..."

"ဟုတ်တယ် ခင်ဗျ...သားလေးပါ..."

"နာမည်ဘယ်လိုပေးထားလဲဟင်..."

"David(ဒါဗီ့ဒ)..."

သားလေးရဲ့ခေါင်းကို ခပ်ဖွဖွပွတ်သပ်ကာ အပြုံးလေးနဲ့သာ မေးလာသူအားပြန်ပြောဖြစ်၏။

"ဝန်ကြီးချုပ်ကတော်က မရောက်သေးဘူး ကောင်းချီးရဲ့...လမ်းမှာလာနေပါပြီလို့တော့ ပြောပါတယ်..."

"ဒီက အကိုက ဘယ်သူပါလဲခင်ဗျ...ရိုင်းတယ်လို့တော့မထင်ပါနဲ့နော်...ကျွန်တေယ် တကယ်မသိလို့ပါ..."

လာလာက အားနာနာနဲ့သာ ရယ်ပြုံးရင်း မေးလိုက်ရသည်။ သူ့လက်ထဲက ကလေးကိုမြင်ဖူးနေသော်လည်း သူ့ကိုတော့အခုမှမြင်ဖူးတာပင်။ လေသံဝဲဝဲနဲ့ မြန်မာလိုလဲပြောတတ်နေသော ရှေ့ကလူက ဘယ်သူဘယ်ဝါလို့ မိတ်မဆက်ပေးသေးပေ။

DEUSWhere stories live. Discover now