Part - 6

1.6K 112 7
                                    

"လွှတ်လို့ပြောနေရင် လွှတ်လိုက်နော်..."

"သမ္မတသားက အလာကြီးပဲ..."

ကုတင်အထက်မှာလက်ထိပ်လဲ အခတ်ခံထားရသလို
ခြေထောက်တွေကိုလည်း ကျောက်ပတ်တီးနဲ့စည်းပေးထားသေး၏။ ဘယ်လိုမှလှုပ်မရသော သူကိုအတင်းအကြပ် ဖိကပ်နမ်းနေပြန်သည်။
နှုတ်ခမ်းတွေဟာ အပေါ်တလှည့် အောက်တလှည့်ဆုပ်ယူနမ်းရှိုက်ခံနေရပြီး သူ့တစ်ကိုယ်လုံးနဲ့လည်း တက်ဖိထားသေး၏။

"အွန်း..."

"မရုန်းနဲ့..."

"အ..."

အပေါ်နှုတ်ခမ်းကိုခပ်ဆတ်ဆက်ကိုက်ရင်း သွားတွေ​ဖြင့်ကြိတ်လေသူကြောင့် နာကျင်မှုမရှိသော်လည်း နေလို့ထိုင်လို့မရိုးမရွ။ Dominant Alphaတစ်ယောက်ရဲ့ လွှမ်းမိုးချုပ်ကိုင်စိုးမိုးမှုကို ဘယ်သို့သော
Omegaက ကျရှုံးခြင်းမရှိပဲနေပါ့မလဲ။

အနမ်းတွေဟာ ကြမ်းတလှည့်၊နုတလှည့်နဲ့။ လက်ချောင်းတွေကြား ဆုပ်ကိုင်လာသော မနု၊မကြမ်းလက်တစ်စုံနှင့် နှာဖျားမှရလိုက်သော Alpha Pheromonesရနံ့များ။ Bamboo(ဝါး)ရနံ့ နဲ့ စပါးလင်တို့ပေါင်းစပ်ထားသော Alphaရဲ့ရနံ့တွေဟာ အိပ်ခန်းထဲကြီးစိုးဝင်ရောက်လာတဲ့အခါ
အနက်ရောင်သစ်ခွရနံတွေဟာလည်း သူ့အလိုလိုဖြင့် ပိုမိုသင်းပျံ့လာ၏။

Deusရဲ့သက်ပြင်းချသံတွေနဲ့အတူ ကောင်းချီးရဲ့ငြီးငြူသံတွေ။ အနမ်းတွေ စီးမျောကြတဲ့အခါ ထွက်ပေါ်လာသော ကြင်နာသံတွေနဲ့အတူ လက်ထိပ်ခတ်ခံထားရသော လက်ကလေးနှစ်ဖက်ဆီမှ အချင်းချင်းရိုက်ခတ်သံတွေ။

ကောင်းချီးရဲ့ဘက်မှ တုံ့ပြန်လာသောအနမ်းတွေကြောင့် Deusက ကောင်းချီးရဲ့ခါးကို ဆွဲပွေ့လိုက်ရင်း သူ့ရင်ခွင်ထဲ သိမ်းသွင်း၏။ Alphaတစ်ယောက်က Omegaတစ်ဦးကို ကလူကြည်ဆယ်နိုင်အောင် စိတ်နှိုးဆော်မှုပြုတဲ့အခါ ဘယ်လိုOmegaမျိုးကမှ ငြင်းဆန်လို့မရမှန်း Deusကသိနေသည်။

အနမ်းတွေကြား နှုတ်ခမ်းခြင်းဆုပ်ထွေးကာ ငုံထားရုံမက လျှာခြင်းလည်း တွန်းကန်ကစားဖြစ်ကြ၏။
သားရည်တွေထွက်သည်အထိ။ အသံတွေမြည်လာတဲ့အထိ အနမ်းကြမ်းကြမ်းတွေနဲ့ ကစားဖြစ်ကြ၏။ လည်တိုင်မှရသော အနက်ရောင်သစ်ခွရနံလေး။
သူ့ရဲ့ငြီးငြူနေပုံလေး။ ရင်ခွင်ထဲ တိုးဝင်ကာ Deusကို ဖက်တွယ်ချင်နေသော ကောင်းချီရဲ့ပုံစံလေးက တကယ့်ကိုချစ်စဖွယ်ကောင်းနေသည်။

DEUSWhere stories live. Discover now