Part - 17

1.3K 84 15
                                    

"ဘယ်လိုတောင် တောင်းပန်ရမလဲမသိပါဘူးရှင်..."

"ကျွန်တော်နားလည်ပါတယ်ဗျာ...ကလေးတွေပျော်သလိုပဲ ဆုံးဖြတ်ကြပါစေ..."

ဗိုလ်ချုပ်မှူးကြီးChescherရဲ့အမျိုးသားက သဘောထားကြီးစွာ ပြုံးပြနေတာမို့ လာလာရဲ့အမေလည်း အားနာသမှုနဲ့သာ တောင်းပန်နေလေ၏။
သမ္မတDiegoနောက်သို့ပါသွားသော အကိုလတ်ကြောင့် တစ်အိမ်လုံးဗြောင်းဆန်နေရတာပင်။

ဗိုလ်ချုပ်မှူးကြီးChescherရဲ့အမျိုးသားက လာလာရဲ့ဖိတ်ကြားမှုကြောင့် မြင်းစီးပြိုင်ပွဲသို့ တက်ရောက်ကာ ဖဲကြိုးဖြတ်လို့ အခန်းအနားပွဲကို စတင်စေခဲ့ခြင်းပေ။ ဗိုလ်ချုပ်မှူးကြီးရဲ့ဖခင်လည်းရောက်နေလေရာ
Deusက အဖော်ပြုပေးနေရ၏။

"အမလဲသိတယ်မဟုတ်လား... ကျွန်တော်နဲ့ဗိုလ်ချုပ်မှူးကြီးကို လူကြီးတွေကသဘောတူပြီးပေးစားခဲ့ကြတာလေ...Deusကိုမရလာခင်မှာ သူနဲ့ကျွန်တော့်ကြား အချစ်လဲမရှိ၊မေတ္တာလဲမရှိခဲ့ကြဘူးလေ... ဘယ်လောက်အထိဆိုးခဲ့သလဲဆိုတာ အမအသိဆုံးပဲမဟုတ်လား...ဒါကြောင့် ကလေးတွေက သူတို့ချစ်တဲ့သူကို သူတို့ရွေးချယ်ပါစေ...ကျွန်တော်တို့ဘက်က စေ့စပ်ကမ်းလှမ်းထားတဲ့ကိစ္စကြောင့်တော့ ​လျော်ကြေးမယူပါဘူးနော်...တင်တောင်းငွေတွေနဲ့ပစ္စည်းတွေကို သိမ်းထားလိုက်ပါဦး..."

ဗိုလ်ချုပ်မှူးကြီးရဲ့အမျိုးသား အန်ကယ်ကောင်းက မေမေနဲ့အတူတူကြီးပြင်းခဲ့ကြတဲ့ မောင်နှမတွေပင်။
မေမေကမွေးစားသမီးဖြစ်ခဲ့ပြီး ဖေဖေကလည်း မွေးစားသားဖြစ်ခဲ့၏။ ဖေဖေနဲ့မေမေ့ကိုလက်ဆက်ပေးကာ မြန်မာနိုင်ငံ၌သမ္မတရာထူးကို အရယူနိုင်ဖို့ရာ Deusရဲ့ဖေဖေတို့မိသားစုက ကူညီပေးခဲ့ကြ၏။

လာလာလည်း အခုမှသိတာမို့ အမျိုးအရင်းလိုဖြစ်နေကြတာပဲဆိုတဲ့အကြောင်းကို အံဩနေရတာ။
သွေးမတော်သားမစပ်ကြသည့်တိုင် လာလာ့အဖေရဲ့တိုင်းပြည်ကို အဖေ့ရဲ့လက်ထဲထည့်ပေးကာ အရွယ်ရောက်တဲ့အထိ စောင့်ရှောက်ပေးခဲ့တဲ့ အဘိုးက အန်ကယ်လ်ကောင်း၏အဖေဖြစ်နေခဲ့သည်။
Deusရဲ့အဘိုးအရင်းဆိုလည်းမမှားပေ။

"အန်ကယ်လ်ကောင်းနဲ့ ဗိုလ်ချုပ်မှူးကြီးက ချစ်လို့လက်ထပ်ခဲ့ကြတာမဟုတ်ဘူးဆိုတာ တကယ်ကြီးလား...လာလာမြင်တာတော့ ငယ်ချစ်တွေလိုပဲလေ..."

DEUSWhere stories live. Discover now