Part - 46

1K 71 24
                                    

"ဗိုလ်ချုပ်ကြီး ​ဘယ်သွားတာတဲ့လဲ အိမ်တော်ထိန်း..."

"ကြွက်သွားရှင်းတယ်လို့ပြောသွားပါတယ် မဒမ်..."

"အခုတလောနယ်စပ်ဘက်လည်းအခြေအနေမဆိုးဘူးဆိုတော့ မြို့ထဲက ကြွက်တွေများလား..."

Wheel chairက လျှပ်စစ်နဲ့ပြုလုပ်ထားပြီး ခလုတ်လေးနဲ့ရွှေ့ရုံလေးသာ။ အလုပ်သွားချိန်တိုင်း လျှပ်စစ်ဝှီးချဲကိုသုံးဖြစ်သည်။ အိမ်တော်ထဲပြန်ရောက်မှသာ ဘီးတပ်ပေါ့ပေါ့ပါးပါးလေးသုံးခြင်းပင်။

"မဒမ်ကို တင်ပြစရာရှိပါတယ်..."

"ပြောပါ အိမ်တော်ထိန်းကြီး..."

Chescher အိမ်တော်ကြီးရဲ့အပေါ်ဆုံးထပ်၏ပိုင်ရှင်မှာ Deusဖြစ်ပြီး အပေါ်ထပ်ရဲ့အုပ်ချုပ်သူက လာလာဖြစ်သည်။ Deusရဲ့Omegaအဖေကလည်း Deusရဲ့အိမ်၌ဖြစ်သမျှ အကုန်လုံးကိုလုံးဝလျစ်လျူရှူ၏။
အိမ်တော်ထိန်းရဲ့ပြောစရာဆိုတာကလည်း အပေါ်ဆုံးထပ်နဲ့ဆိုင်တဲ့ကိစ္စပင်ဖြစ်လိမ့်မှာ။

"မစ္စMuraက မစ္စMartin Claryနဲ့စကားများကြပါတယ်...မစ္စMartin ဒဏ်ရာရသွားပါတယ်... ဗိုလ်ချုပ်ကြီးကတော်ကပဲ အပင်ပန်းခံရတော့မယ်ထင်ပါတယ်..."

"သူတို့ဘယ်မှာလဲ..."

အပေါ်ထပ်က ဧည့်ခန်းထဲ၌ထိုင်နေကြတယ်ဆိုသောကြောင့် ပင်ပန်းရဦးမယ်ထင်၏။ Martinဆိုသူက မာစီလိုနဲ့ရင်းနှီးသလို လိုက်လျောညီထွေစွာနေတတ်သူဖြစ်သည်။ Muraရဲ့အကျင့်ကတော့သိတဲ့အတိုင်းပင်။
လွန်ခဲ့တဲ့ရက်ကပဲ ကိုယ်တိုင်ကာကွယ်ခဲ့ရခြင်းသာ။

ဦးပိုင်တွန်းပေးတဲ့ ဝှီးချဲပေါ်ထိုင်ပြီး အိမ်အပေါ်ထပ်အဆောင်ကိုတက်လာခဲ့သည်။ ဧည့်ခန်းထဲကဲဲပါးနေသောအဖွဲ့နှစ်ဖွဲ့နဲ့အတူ မာစီလိုက အလည်၌ရပ်နေ၏။

"ဗိုလ်ချုပ်ကြီးကတော် ပြန်လာပါပြီလား..."

"ပြန်ရောက်ပါပြီ မာစီလို..."

မာစီလိုကအပြုံးနဲ့ကြိုနေတာမို့ ပြုံးပြရင်းသာ ဘေးဘက်ကလူတွေကိူကြည့်လိုက်၏။ ကိုယ်လုပ်တေယ်အဖြစ် Deusကိုပြုစုရန်ရောက်နေကြသောအမျိုးသမီးများနဲ့ အမျိုးသားOmegaတွေဟာ မတ်တပ်ရပ်ကာ အရိုအသေပေးကြသည်။ မကောင်းတတ်၍ပြုံးပြနေကြသူမျရှိသည်။ လိုလိုချင်ချင်နဲ့ခင်မင်နွေးထွေးစွာပြုံးပြသူကတော့ လူနည်းစုလေးသာ။

DEUSWhere stories live. Discover now