Part -16

1.4K 91 24
                                    

"ကျွန်တော်ဘယ်ရောက်နေတာလဲ..."

အသံသေးသေးလေးရဲ့စကားသံတွေအား မည်သူမျှကြားနိုင်မှာမဟုတ်ပေ။ အခန်းတစ်ခု၏ဆိုဖာပေါ်လဲလျောင်းနေသော ကောင်လေးက အဖြူရောင်ခြုံထည်လေးနဲ့ ဖြူဖျော့နေသောမျက်နှာလေးကို ရှုံ့မဲ့နေလေသည်။ "လာလာ"ဟုခေါ်ကာ သူရဲ့မျက်ဝန်းတွေက ဖွင့်လိုက်ပိတ်လိုက်နဲ့။

"Hello...Hello..."

"ဘယ်သူလဲ ကျွန်တော်ဘာလို့ ဘာမှမမြင်ရတာလဲ..."

Mateoက လဲလျောင်းကာတွန့်ခေါက်နေသူကို ကြည့်ကာ စိတ်အလိုမကျဖြစ်နေ၏။

"တစ်ယောက်ယောက်...တစ်ယောက်ယောက် ဘယ်သူလဲ..."

အသံတွေဟာတုန်ရီလို့ ကောင်းခြင်းမင်္ဂလာက အသိတစိတ်ပျောက်လုလုဖြစ်နေခဲ့ပြီ။ ဆိုဖာပေါ်၌ခြုံလွှာလေးကို လွှင့်ပစ်လိုက်သူက သူ့ရဲ့ဂလင်းတွေထွက်ပေါ်လာခြင်းကို မထိန်းချုပ်နိုင်တော့လောက်အောင် ပူလောင်နေခဲ့ပြီ။

"မင်းတို့ကောင်တွေ သူ့ကိုဘာလုပ်လိုက်တာလဲ..."

"အရင်ကဆေးစမ်းသပ်တုန်းက သူ့ရဲ့Omega ဂလင်းတွေအပိတ်ခံခဲ့ရတာပါ...အခု..."

Mateoက သူ့မိခင်ရဲ့တပည့်ဖြစ်သူကိုကြည့်ကာ ရင်ဘတ်မှအကျီကိုဆွဲလိုက်လေ၏။ အဖြေပြောရန်ပြင်နေသူက ခေါင်းကိုငုံ့လျက် ရိုကျိုးစွာပင် Mateoရဲ့လက်သီးကျလာမယ့်အချိန်ကို စောင့်နေခဲ့သည်။

ကောင်းခြင်းမင်္ဂလာက သူ့ရဲ့Omega ဂလင်းမှထွက်ပေါ်နေသော ဖယ်ရိုမုန်းတွေကို မထိန်းချုပ်နိုင်စွာ Heatဝင်နေခဲ့၏။ ဂျာမာန်အသံပီပီသသနဲ့စကားတွေပြောနေကြခြင်းကိုလည်း သူ့မှာမသိနိုင်တော့ပေ။

"ပူတယ်... ပူတယ်..."

Mateoက ဆိုဖာပေါ်ကကောင်းခြင်းကို ကြည့်ကာ သူ့ရဲ့ဒေါသတွေက ကိကလို့ပိုလို့တိုးလျက် သူ့ရှေ့မှလူကို လက်သီးနဲ့ပစ်ထိုးလိုက်လေခဲ့ပြီ။

"သူ့ကိုဘယ်သူက ခေါ်လာတာလဲ..."

"ခေါင်းဆောင်ရဲ့အမိန့်အရပါ... မင်းသားMateoနဲ့အတူ သူ့ရဲ့Heatကာလကို ဖြတ်သန်းပါစေလို့ ခေါင်းဆောင်က ပြောလိုက်ပါတယ်..."

DEUSWhere stories live. Discover now