Part - 36

1K 65 9
                                    

ဗိုလ်ချုပ်ကြီးလည်း ရှေ့တန်းကပြန်ရောက်ခဲ့ပြီ။ လာလာလည်းကျောင့းပိတ်သွားပြီမို့ အောင်စာရင်းထွက်လာတဲ့အလာ ဘွဲ့ရတော့မှာပင်။ စာမေးပွဲထက်ရင်ခုန်စရာတစ်ခုက အိမ်ကိုရောက်လာတဲ့ ရတနာအသေးလေးကိစ္စပင်။

သားလေးကအနေ အေးသည်။ နို့ဆာနေတဲ့အချိန်လေးလောက်သာအော်တတ်၏။ သူ့ရဲ့အောက်ခံဒိုင်ဘာလေးထဲ သေးတွေပေသွားလည်း အော်မငိုသလို အီးတွေပါမိခဲ့သော်လည်း အော်မငိုတတ်ပေ။ သူ့အညစ်အကြေးတွေကို လဲလှယ်ပေးမယ့်အချိန်လေးတစ်ခုအထိစောင့်နေတတ်သည်။

Deusက သူများသားသမီးမို့ မချစ်ဘူးလို့ပြောသော်လည်း လက်တွေ့မှာတော့ ထိုသို့မဟုတ်ခဲ့ပေ။ ကလေးကိုပြုစုပေးဖို့ သူနာပြုတွေကိုခေါ်ပေးသည်။ ကလေးထိန်းသုံးယောက်ကိုလည်း ခေါ်ပေးခါးသလို ကလေးအတွက်ချက်ပြုတ်ပေးဖို့ စားဖိုမှူးနှစ်ယောက်ကိုလည်း အသင့်ခန့်အပ်ပေးထား၏။

နာရီကိုကြည့်တော့ ည၈နာရီထိုးခဲ့လေပြီ။ Deusက အောက်ထပ်မှာနေတဲ့ သူ့Daddyတို့ဆီခဏသွားခြင်းပေ။ လာလာနဲ့သားလေးကတော့ ကုတင်ပေါ်မှာလဲလျောင်းလျက်။ သားလေးက သူ့ရဲ့ချိုလိမ်လေးကို ပါးစပ်ထဲကိုက်တတ်နေပြီ။ သူ့ရဲ့လက်ထဲပစ္စည်းတစ်ခုခုထည့်ပေးလိုက်ပါက လှုပ်ရမ်းတတ်နေပြီ။

"David Chescher..."

"ဟဟ!! ဖေ့သားလေးက ချစ်စရာလေးပဲ...ကိုယ့်နာမည်ကိုသိနေပြီပေါ့လေ..."

ကလေးတွေဆော့တဲ့ လက်ကိုင်Hand bellလေးက်ု Davidရဲ့လက်ကလေးထဲ ထည့်ပေးလိုက်တော့ ခြေကားယား၊ လက်ကားယားလေးနဲ့ အသံထွက်နေတာလေးကို နားထောင်ကာ သဘောတကျဖြစ်နေလေ၏။ ရယ်လိုက်တိုင်းကြားနေရတဲ့ ရယ်သံတခစ်ခစ်လေးကလည်း တကယ့်ကိုနားထောင်ကောင်းနေပြန်သည်။

သားလေးရဲ့မိခင်မျိုးရိုးက အင်္ဂလန်နိုင်ငံသားတွေဖြစ်နေသည်။ ဒေးဗစ်ဆိုတဲ့ အင်္ဂလိပ်လိုအမည်နာကို ပေးခဲ့သော်လည်း ကိုယ်တွေမိသားစုက Latino လူမျိုးတွေမို့ ပေါ်တူဂီဆန်ဆန်လည်း သားရဲ့နာမည်ကို ခေါ်လို့ရသေး၏။

Davidဆိုတဲ့နာမည်ကို Latinလိုခေါ်မယ်ဆိုပါလျှင်
(ဒါဗီ့ဒ)အသံကိုအရှည်ဆွဲခေါ်လို့ရသည်။Deusကတော့ သူ့ရဲ့မွေးစားသားကို ဒါဗီ့ဒ လို့အမည်ပေးခဲ့၏။

DEUSWhere stories live. Discover now