Part - 44

856 75 9
                                    

မြန်မာပြည်ရှိ အိမ်တော်မှလေယာဥ်ကွင်းသို့ခြေချရုံနဲ့ လေစိမ်းသက်သက်ခံစားလိုက်ရသော အငွေ့အသက်တွေကြောင့် အတိတ်ကအကြောင်းတွေမတွေးချင်သော်လည်း မတွေးလို့မရပြန်။

"ချန် ငါပြန်လာပြီ..."

ဆိတ်ဆိတ်ငြိမ်နေသောပတ်ဝန်းကျင်နဲ့ တိတ်ဆိတ်နေသောအိမ်တေယ်ကြီးက ကြောက်စရာသိပ်ကောင်းခဲ့မှန်းမသိခဲ့တာအမှန်ပေ။ ဒီအိမ်ကြီးထဲမှာ ကောင်လေးတစ်ယောက်က သူသိပ်ချစ်တဲ့အမျိုးသားလေးတစ်ယောက်ကို ပိတ်လှောင်ခဲ့တာဖူး၏။

ထွက်သွားမယ်ဆိုတော့လည်း ခြေထောက်တွေကိုချိုးပစ်ခဲ့သေးတာပဲ။ ဒါပေမယ့်လည်း မချစ်တဲ့သူက ထွက်ပြေးလွတ်မြောက်ခဲ့သေးတာ။ သူ့ကိုနှိပ်စက်လို့ မချစ်ဘူးလို့ထင်ခဲ့သေးတာ။ ဒီကောင့်ဘက်ကရူးလောက်အောင်ချစ်လွန်းလို့ လုပ်မိလုပ်ရာနေတာပဲလို့ ဘယ်သူကများတွေးပေးမှာလဲ။

ချန့်မှာနောက်တစ်ယောက်ရှိနေကြောင်း ဟနေးနဲ့Ramက ပြောလာတယ်။ တကယ်လည်းပဲရှိခဲ့တာကို။ သူပြန်လာတဲ့အခါ 'ချန်'က အချိုးတွေပြောင်းလဲလာတယ်။

'ချန်က မောင့်ကိုမချစ်ဘူး ဆိုတဲ့စကားတောင် ကြောထွက်သေးတာ...'

'ချန်က မောင့်ကို ရွံစရာကောင်လို့တောင် ခေါ်ခဲ့သေးတာ...'

'ချန်က မောင့်ကိုပြောတယ်မဟုတ်လား အကို့ကိုထိရင် မင်းနဲ့ငါအပြတ်ပဲ သတ္တိရှိရင်စမ်းသပ်လိုက်တဲ့လေ...မောင့်ကိုစိန်ခေါ်ပြီး ချန်က ထွက်ပြေးသွားတာပဲ...'

ချန့်ကိုသော့ခတ်ထားတတ်တဲ့ အခန်းလေးကိုရောက်တော့ မပျက်မယွင်းရှိနေတဲ့အခန်းလေးက ချန်ရှိတုန်းကလိုပါပဲ။ ချန်သိပ်ကြိုက်တဲ့ သစ်ခွအနက်လေးတွေ ပျိုးပေးထားဆဲပါပဲ။

"Boss ..."

"ခေါ်လာခဲ့ပြီလား..."

" Boss... မျက်မြင်သက်သေထွက်ပေးနိုင်တဲ့ သန့်ရှင်းရေးအမျိုးသမီးဆိုသူကိုလည်း ရှာတွေ့ခဲ့ပါတယ်..."

'ဟနေး' ကို ရှာခိုင်းထားတဲ့ ချန်ဖုန်း ပျောက်ဆုံးနေမှုကို ကိုယ်တိုင်စစ်ဆေးကြည့်ရာ တစ်ခုခုလွဲနေခဲ့၏။
လုံးဝမရှာဖွေခဲ့တာလား။ ရှာဖွေခဲ့လားဆ်ုတာ သူသာသိနိုင်လိမ့်မှာ။ လွယ်လွယ်ကူကူမဟုတ်တောင် ချန်ဖုန်းဆေးရုံတက်ချိန်၌ မီးလောင်ခဲ့ခြင်းအကြောင်းကိုတော့ ပြောပြခဲ့သင့်တယ်လို့ထင်ပါ၏။

DEUSWhere stories live. Discover now