Part - 5

1.7K 111 6
                                    

မြင်ဖူးသလိုလိုရှိနေသော သူ့ရဲ့မျက်နှာဘေး။ ရှေ့ကလူက်ု ဘယ်နေရာတွင်မြင်ဖူးတယ် မသိ။ ရင်းနှီးနေသလိုလိုနဲ့ သူစိမ်းဆန်ဆန်ဖြစ်နေသလို သိသလိုလိုနဲ့
မသိပြန်။ သူ၏အသံအနေအထားကလည်း အမိန့်ဆန်ဆန်လေသံတွေပါနေခဲ့သလို သူ့ဆီကရနေသော Alpha Pheromonesအနံ့တွေကလည်း ဒေါသအနံ့တွေ ပြင်းထန်လွန်းနေ၏။

'ငါရှာနေတာမင်းပဲ' လို့ဆိုကာ အတင်းအကြပ်ဆွဲခေါ်လာသူ၏အနောက်မှပါလာရသည်။ ဘယ်သို့သွားနေတယ်မသိရ။ ဘယ်သူမှန်းလဲမသိရ။ ဘယ်ကိုခေါ်သွားချင်နေမှန်းလဲမသိရပေ။ လူကောင်းလား။ လူဆိုးလားမသိ။

"လွှတ်..."

"..."

"ခင်ဗျားဘယ်သူလဲ..."

အတင်းအကြပ်ရုန်းဖယ်ကာမှ ပိုမိုကာတင်းတင်းကြပ်ကြပ် လက်ကိုဆုပ်ကိုင်၏။ ပေတေလို့လမ်းမလျှောက်ပါလျှင် လက်ကို ဆွဲဆွဲဆောင့်ပြီးကို ရှေ့သို့လှမ်းလျှောက်နေသည်။

"လွှတ်ပေး...ဘယ်ကိုခေါ်သွားနေတာလဲ..."

"ကျွတ်စ်..."

သူ့ရဲ့လက်ကို ကျန်လက်တစ်ဖက်နဲ့ဆွဲဖြုတ်ကာ ရုန်းကန်သော်လည်း အချည်းနှီးသာ။ ကောင်းချီးမင်္ဂလာအတုကို လာရောက်ခေါ်သွားစဥ်က ငြင်ငြင်သာသာနဲ့ရိုရိုသေသေ။ အခုရောက်လာသူက ကြမ်းတမ်းလိုက်ပုံများ။ လှည့်ကြည့်လာတဲ့ မျက်နှာဘေးကလည်း ထထိုးတော့မယ့် အမူအရာတွေအပြည့်နဲ့။

သူ့လက်ကလွတ်သွားတဲ့ လက်ကောက်ဝတ်ကလေးမှာ နီတာရဲလေးဖြစ်သွားရ၏။ အနှီးထုပ်လေးထဲက ကလေးလေးပင် လာလာရဲ့လက်လောက် ရဲရဲနီလောက်မှာမဟုတ်။

"ဘယ်ကိုခေါ်သွားနေတာလဲ အရင်ပြောပါ..."

"မင်းစကားမများပဲ လိုက်ခဲ့လို့မရဘူးလား..."

"မရဘူး..."

"..."

"ဘာလို့ဒီနေရာကိုခေါ်လာရတာလဲ...
ခင်ဗျားကရောဘယ်သူလဲ...ငွေလိုချင်တာလား...ဘာလိုချင်တာလဲ..."

"မင်းကို..."

"ဘာ ဘာပြောချင်တာလဲ...ဘယ်ကိုခေါ်သွားနေတာလဲ...အခုရောက်နေတာကရော ဘယ်နေရာလဲ..."

"ကျွတ်စ်...ဟာကွာ..."

လူကိုကောက်ပွေ့ကာ Deusက သူ့ရဲ့ပခုံးပေါ်သို့ အသာလေးတင်ပြီး အန္တရာယ်အခြေအနေကိုကြည့်ကာ မြေအောက်ဘက်မှထွက်ဖို့ပြင်နေ၏။ အချိန်ရတာက ဘယ်လောက်မှမရှိနိုင်။ သူတို့ရဲ့လုံခြုံရေးအခြေအနေမှာလည်း အခုလိုလစ်ဟာနေချိန်ဆိုတာက ကင်းလှည့်ချိန် လူလဲနေခြင်းကြောင့်ဖြစ်မှာ။

DEUSWhere stories live. Discover now