Part - 21

1.3K 79 11
                                    

Maldivesနိုင်ငံ၏တော်ဝင်နန်းတော်ထဲ၌ လူအများ ပျားပန်းခတ်အလုပ်ရှုတ်နေခဲ့သည်။ တော်ဝင်ဘုရင်ကြီးDiegoရဲ့ တော်ဝင်မင်္ဂလာပွဲလည်းဖြစ်သလို မိဘုရားတင်မြှောက်ပွဲအခမ်းအနားဖြစ်၏။ တော်ဝင်မိဖုရားကလည်းOmegaလေးဖြစ်ပြီး ယောကျာ်းလေးဖြစ်နေခဲ့တာမို့ လူအများကစိတ်ဝင်တစားရှိကြသည်။ သူတို့ရဲ့တော်ဝင်မိဖုရားကို တီဗီဖန်သားပြင်ထက်၌သာ မြင်ဖူးတွေ့ဖူးကြသေးတာမို့ တော်ဝင် အလုပ်သမားများနဲ့ တော်ဝင်အစေအပါးများက တွေ့ဖူးချင်နေကြ၏။

တချို့အနီးကပ်အစေအပါးများကပြောဆိုကြသောအတင်းအဖျင်းမှာ တော်ဝင်မိဖုရားက ကလေးမမွေးပေးနိုင်ဘူးလို့ဆိုနေကြသလို၊ တချို့ကလည်း ကလေးမမွေးပေးနိုင်ရင် မိဖုရားမဖြစ်နိုင်ဘူးလားလို့ ငြင်းခုန်နေ၏။ Maldivesနိုင်ငံရဲ့ရိုးရာဓလေ့တွေကလည်း သမ္မတ(ဘုရင်)တစ်ယောက်ဟာ မိန်းမအများကြီးယူနိုင်သလို Omegaအများကြီးလည်းထားခွင့်ရှိသည်။

တော်ဝင်အဆောင်တော်ကြီးထဲ၌ သမ္မတDiegoက အခမ်းအနား၏ထိပ်ဆုံး၌ရပ်ကာ သူချစ်ရသူလေးအလာကို မျှော်နေသည်။ စင်အောက်မှပရိတ်သတ်တွေဟာလည်း ဘုန်းတော်ကြီးရဲ့ရွတ်ဖတ်သရဆယ်နေခြင်းကို နာခံလျက် ငြိမ်သက်စွာပင်။ တော်ဝင် အခမ်းအနား၏တံခါးဝကြီးဟာလည်း ပိတ်ထားလျက်သား။ အခန်းတစ်ခုလုံး လီလီပန်းအဖြူရောင်များနဲ့အစားထိုးထားကာ သမ္မတကြီးက သူ့Omegaရဲ့ရနံကိုဖုံးထားလေ၏။

"သတို့သားလေးကောင်းခြင်းမင်္ဂလာ ခန်းမထဲကို ဝင်လာပေးပါ..."

လတ်ဆတ်သန့်ရှင်းသောလီလီပန်းရနံတွေဟာ လူအများရဲ့အာရုံစူးစိုက်မှုကို သိပ်မရခဲ့ပါ။
ပွဲခင်းထဲက သတို့သားOmegaလေးဆီကိုသာ လူတိုင်းကအာရုံစိုက်နေခဲ့သည်။

Mateoရဲ့လက်မောင်းကိုချိတ်ဆွဲလျက် လီလီပန်းတွေဝေဆာနေသောလျှောက်လမ်းမကြီးရဲ့အထက် ကြွကြွရွရွလေးလျှောက်လှမ်းလာသော သမ္မတရဲ့ခင်ပွန်းအသစ်စက်စက်လေးကအပြုံးတွေနဲ့။ အရှေ့မှာမြင်နေရတဲ့ သူ့ရဲ့Alphaကြီးကို လှမ်းကာကြည့်နေခဲ့၏။ Diegoက ကောင်းခြင်းကိုကြည့်ရင်း မျက်ရည်တွေဝေ့ဝဲကာ ဝမ်းသာနေခဲ့သည်။

DEUSWhere stories live. Discover now