Part - 32

959 70 10
                                    

ဆူဆူညံညံနဲ့အသံတွေဟာ ကင်းတဲအပြင်ဘက်မှလာနေခြင်းပေ။ နားနေချိန်မို့ အိပ်စက်အနားယူနေမိသော်လည်း အိပ်၍မရတော့ပြီ။ အပြင်ဘက်၌ ဘာတွေဖြစ်နေတယ်လည်း မသိရ။

"ဘာဖြစ်နေတာလဲကွာ အိပ်လို့လဲမရတော့ဘူး..."

အသံကြောင့်ကြည့်မိတော့ တစ်ဖက်ကုတင်ဆီမှ အဖွဲ့ခေါင်းဆောင်ဖြစ်နေ၏။

"Mr.lalaလည်း နိုးသွားတယ်ထင်တယ်...အပြင်ကိုသွားကြည့်ရအောင် ဘာတွေဖြစ်ကြတယ်မသိ..."

"ဟုတ်ကဲ့ ခေါင်းဆောင်..."

အပြင်ဘက်ရောက်လာတော့ ဆရာဝန်မလေးတစ်ချို့နဲ့ Deusရဲ့တပ်ထဲကလက်ရွေးစင်တပ်သားတစ်ချို့ ရန်ဖြစ်နေကြခြင်းပေ။ Droneသမားစစ်ဗိုလ်တွေနဲ့ ဆရာဝန်မလေးတစ်ချို့ ရန်ဖြစ်နေကြခြင်းသာ။

ခပ်လှမ်းလှမ်းမှမြင်လိုက်ရသောအရိပ်တစ်ခုနဲ့အတူ
တပ်သားတစ်ချို့။ အရပ်မြင့်မြင့်နဲ့ဟိတ်ဟန်အပြည့်ပါသော လှုပ်ရှားမှုလေးက ဘယ်သူမှန်းသိလိုက်ရသလို သူ၏ဖယ်ရိုမုန်းဖိနှိပ်မှုကြောင့်တစ်ချို့က အနည်းငယ်စိတ်မသက်မသာရသွားကြရ၏။ သို့သော်အသံတစ်စက်မှ ထွက်ရဲသူမရှိတော့လောက်အောင် လူမလာခင်ကတည်းက အရှိန်အဝါနဲ့ဖိနှိပ်ရဲသူမှာ ရှေ့တန်းရဲ့ခေါင်းဆောင် Deusမှလွဲ မည်သူမှမရှိတော့ပြီ။

"ဘာတွေဖြစ်နေကြတာလဲ..."

"ငါတို့ခေါင်းဆောင်ပြန်လာပြီ...ဗိုလ်ချုပ်ကြီး..."

အချင်းချင်းပြောကြရင်းနဲ့ အားကိုးအားထားရာ အဖေကိုတွေ့လိုက်ရသော ကလေးတွေပမာ တပ်သားစစ်ဗိုလ်နှစ်ဦးက Deusကို အော်ခေါ်ကာ ပြုံးနိုင်ကြလေပြီ။ လွန်ခဲ့တဲ့မိနစ်ပိုင်းလောက်က ခေါင်းငုံ့တောင်းပန်ကာ မျက်နှာငယ်နေကြသူနှစ်ယောက်က အခုအခြေအနေ၌ခေါင်းမော့ပြုံးနိုင်ကြပြီဆိုလျှင်ဖြင့် နားလည်မှုလွဲနေကြတာသာဖြစ်လိမ့်မှာ။

"ဒီသူနာပြုလေးနှစ်ဦးနဲ့ဆရာဝန်မလေးသုံးယောက်က ဟိုဘက်နားကစမ်းချောင်းလေးမှာ ရေချိုးနေကြတာပါ...အော်သံကြားတော့ ကျွန်မနဲ့သူနာပြုအချို့လဲအဲ့ဒီစမ်းချောင်းအနားကို ရောက်ခဲ့ပါတယ်...
အဲ့မှာ ဒီDroneကိုတွေ့ခဲ့တာ...အမျိုးသမီးတွေ Omegaတွေ ရေချိုးနေတာကို ချောင်းကြည့်နေတဲ့ ဒီစစ်ဗိုလ်နှစ်ယောက်ကို အပြစ်ပေးပေးပါ ဗိုလ်ချုပ်ကြီး..."

DEUSWhere stories live. Discover now