Part - 19

1.3K 81 11
                                    

Warning+++
(အသက်မပြည့်သေးသူများ မဖတ်ကြပါနဲ့ရှင်)

ခရစ်ယာန်ကျောင်း၌ မင်္ဂလာပွဲကျင်းပပြီးတော့ ဓာတ်ပုံရိုက်ကြရ၏။ သတို့သားကြီးဘက်က အရံနဲ့သတို့သားလေးဘက်ကအရံတို့လည်း တွဲဖက်ကာ ဓာတ်ပုံရိုက်ရသည်။ လာလာရဲ့ဝတ်စုံပေါ်က လက်ကလေးဟာ ခါးအထက်သို့ ပွေ့ဖက်လာကာ မျက်နှာတည်နဲ့ ဓာတ်ပုံရိုက်ခံနေသူကို တစ်ချက်သာကြည့်လိုက်သော်လည်း ကင်မရာတွေက တဖြတ်ဖြတ်။

"ဟော်တည်ရောက်ရင် အခန်းထဲ ခဏလာခဲ့ဦး..."

"လာဘူး..."

"အတွင်းအကျီကချွတ်ရခက်တယ် ကူပေးလေကွာ..."

"ခင်ဗျားတပည့် အယ်ဒိုရှိတယ်လေ..."

"မင်းရဲ့အတွင်းထဲက ခံထားရတဲ့အကျီရော မကျပ်ဘူးလား..."

အတွင်းထဲကခံရသော ကိယ်ကျပ်အကျီဟာ ကြိုးတွေနဲ့ရှုပ်ယှက်ခတ်နေသော အရာသာဖြစ်၏။ ဟော်တည်ကိုပြန်ကာ Dinner Partyကျင်းပကြမှာပေ။
နေ့လည်၊နေ့ခင်းအနားယူကာ ညဘက်တွင်ကျင်းပကြမှာသာ။

"မေးတာဖြေလေ...ရုပ်ကိုက မအူမလည်နဲ့ ...
လုပ်သတ်လိုက်ရ..."

"ကျပ်တယ်လို့..."

"ငါကူညီပေးမယ် အခန်းထဲလာခဲ့..."

"နေပါစေ..."

"မင်းမှာ စူပါပါဝါရှိနေလို့ နောက်ဇစ်ကို တစ်ယောက်တည်းချွတ်မလို့လား...ကိုယ်မှာကျပ်ထုတ်နေအောင်ဝတ်ထားရတာမဟုတ်လား..."

"အသက်တောင်ဖြေးဖြေးလေးရှူနေရတယ်..."

ဟော်တာ်တစ်ခုလုံးကိုငှားရမ်းထားပြီး ကိုယ်ရံတော်တပ်တွေအပြင် မိုင်းရှာ၊ ဗုံးရှာသော စစ်ခွေးတွေကိုပါလွှတ်လို့ လုံခြုံရေးတင်းကြပ်ပေးထား၏။ ဟော်တည်၌ကျင်းပမည့် Dinnerပါတီကလည်း လူ၃၀၀၀ ကျော်ရှိလေရာ။ လူရင်းတွေကြီးသာ။

"သတို့သားအရံနှစ်ယောက် ကင်မရာကိုကြည့်ပေးပါ..."

တော်ဝင်အိမ်တော်မှသတင်းတွေကို ရေးရသော တေယ်ဝင်သတင်းထောက်ကြီးပင်။ ပြုံးပြနှုတ်ဆက်ပြီး ခေါင်းလေးညွတ်ရုံရှိသေးသည် ခါးအထက်သို့ ဆွဲညှစ်ခံလိုက်ရလေပြီ။

"အဲ့ဒီအကြည့်လေး ဝမ်း၊တူး၊သရီး..."

Deusကို လာလာ့ရဲ့နှုတ်ခမ်းကိုငုံ့ငေးကြည့်ကာ ပြုံးပြနေခြင်းပေ။ ပြီးတော့ အနားသို့ကပ်လာသော Deusရဲ့မျက်နှာ။ ရင်ခုန်သံက ဘယ်ကလာသောအသံမှန်းမသိတော့။ လဲကျချင်ရလောက်အောင် ခြေတွေမခိုင်တော့သလို Deusရဲ့အပြုံးနဲ့ မျက်ဝန်းတွေဟာ မြတ်နိုးခြင်းတွေအပြည့်နဲ့။

DEUSWhere stories live. Discover now