Part - 23

1.3K 81 12
                                    

"Deusရောက်လာပြီလား..."

ပါတီရဲ့ခေါင်းဆောင်ဖြစ်သူက Deusကိုမြင်တော့ ဝမ်းသာအားရပြေးဖက်၏။ ထိုအမျိုးသမီးကBetaတစ်ဦးပင်။ Latin၌ ဒိတ်ဒိတ်ကျဲအောင်မြင်နေသောမင်းသမီးကြီးရဲ့ သမီးလေးဖြစ်၏။
Deusနဲ့လည်း တော်တော်လေးခင်မင်ခဲ့သူဖြစ်သည်။

Deusက ခေါင်းငြိမ့်ပြတော့ မာစီလိုက အပြုံးတွေနဲ့မျက်ခုံးပင့်ပြသည်။ ပွဲရဲ့ဘုရင်မ မာစီလိုက အနက်ရောင်အသားအရည်ပေါ် ရွှေဝါရောင်ဂါဝန်ကြီးဝတ်ထားကာ အဖြူရောင်ဆံပင်အလိမ်အကောက်တွေနဲ့။ မဲမဲပြောင်ပြောင်ဆိုသည့်တိုင် လှတာတော့လှသည်။

"နင့်ကို မနက်က 'မက်' ဖုန်းဆက်သေးတယ်...အိမ်မှာမရှိဘူးဆိုလို့ မက်နဲ့ငါလည်း နင့်ရဲ့အိမ်တော်ကိုမလာဖြစ်တာ ငါတို့ကောင်ရေ..."

မာစီလိုက အရက်တွေကို ဟိုဟာရော၊ဒီဟာရောနဲ့ဖျော်ပေးနေရင်း Deusနဲ့စကားပြောနေ၏။ ပါတီထဲ၌အသိ သူငယ်ချင်းများအပြင် ကျောင်းနေဖက်တွေကြီးပဲမို့ ဟိုလူကနှုတ်ဆက်၊ ဒီလူကနှုတ်ဆက်ဖြင့်။ Deusလဲ သောက်လိုက်၊စကားပြောလိုက်နှင့်သာ။

"မာစီလိုရေ မင်း ဘယ်လိုကြောင့် မြန်မာပြည်ရောက်နေတာလဲ..."

"နာမည်ကြီးနေတဲ့ ချင်းတောင်တန်းတွေပေါ်ကို တက်ရအောင်လို့လေ ငါအခုတွဲနေတဲ့ ကောင်လေးက တောင်တက်တာ ကြိုက်တယ်...ငါတို့က တောင်ပေါ်တက်လိုက် ပလူးလိုက်လေ Do you know..."

မာစီလိုက ပွင့်လင်းလွန်းသော အမျိုးသမီးလေးပေမို့ သူ့ဘာသူပြော သူ့ဘာသူ အူတက်ကာရယ်နေပြီး သူတို့အဖွဲ့ကလည်း ဝိုင်း၍ဟားနေကြသည်။ မာစီလိုတွဲတဲ့ယောကျာ်းလေးတိုင်းက Alphaတွေကြီးသာ။ သို့ပါသော်လည်း ရည်းစားသက်တမ်း တစ်လပင် မပြည့်လေပဲ ပြတ်ကြစမြဲ။

"ပုဂံဆိုတဲ့ဒေက ရှေးဗိသုကာတွေကို လေ့လာရအောင်...ပုဂံလဲသွားရမယ်...ရည်စားနဲ့အတူ မိုးပျံပူဖောင်းတွေပေါ်တက်ပြီး Oh My God...ဟားဟားဟား..."

မာစီလိုက ပြောလဲပြော အမူအယာတွေလည်း လုပ်ပြနေတာမို့ တဖွဲ့လုံးက ရယ်ကြပြန်ရာ ပွဲကြိုက်သူ ပါတီခေါင်းဆောင်မာစီလိုကလဲ အရမ်းကိုပျော်နေ၏။

DEUSWhere stories live. Discover now