Part - 29

1.2K 81 7
                                    

"ဗိုလ်ချုပ်ကြီးDeus စစ်စခန်းပြန်မရောက်သေးပါဘူး Madamကောင်းချီး..."

"သွားတာကြာပြီလား..."

"မနေ့ကမှ ဟိုဘက်နယ်မြို့လေးဘက်မှာ ဓားပြမှုဖြစ်လို့ လိုက်သွားရတာပါ Madam..."

ဒီလောကမှာက Omegaအိမ်ထောင်သည်တွေကိုဆိုလျှင် ယောက်ျားလေးဖြစ်နေသည့်တိုင် Madam(မဒမ်)ဟုခေါ်ကြ၏။ အမျိုးသားAlphaနဲ့လက်ထပ်ပြီးသူတိုင်းက Mrs(Madam)ဟုအမည်တပ်ခံရသည်။

"ကျွန်တော်ဆေးအဖွဲ့နဲ့လိုက်လာတဲ့အကြောင်း ဗိုလ်ချုပ်ကြီး​ပြန်လာရင် သတင်းပို့ပေးပါ ပြီးတော့ သူနာပြုတွေရဲ့အကူအညီလိုတာနဲ့ ကျွန်တော်တို့အဖွဲ့ကို အကြောင်းကြားပေးပါ ဗိုလ်ကြီး...ကျွန်တော်က ဆေးပညာကျောင်းသားအနေနဲ့လာတဲ့အကြောင်းလေးလဲ ဗိုလ်ချုပ်ကြီးကို ပြောပေးပါဦး...ဆရာဝန်တွေနားတဲ့ယာယီအဆောင်မှာရှိပါတယ်..."

"ဟုတ်ကဲ့ပါ Madam...သေချာလေးအကြောင်းကြားပေးပါ့မယ်..."

"မဟုတ်ဘူး...ပြန်လာမှပြောပေးပါ...
ကျွန်တော်ဒီကိုလာတာ ဗိုလ်ချုပ်ကြီးခွင့်ပြုချက်မရခဲ့ဘူး...ဒါကြောင့် ဟိုဘက်လူကို စိတ်မပူစေချင်လို့ပါ..."

လာလာဒီကိုလာတဲ့လမ်းမှာ Deusဘက်ကဖုန်းမခေါ်လာခဲ့ပေ။ ဒီရက်ထဲနယ်မြို့လေးထဲသောင်းကျန်းနေသော ဓားပြအုပ်စုအကြောင်းက သတင်းစာတွေထဲအထိပါလာခဲ့ပြီး ရဲတပ်ဖွဲ့နဲ့အဆင်မပြေတော့တာမို့ စစ်ဘက်ဆိုင်ရာအရာရှိတွေကို အကြောင်းကြားခဲ့ကြတာပင်။ နယ်မြို့လေးထဲကဓားပြတွေဟာလည်း ဗုံးထောင်၊ မိုင်းထောင်ကာ တော်တော်လေးဆိုးသွမ်းကြသည်။ နေ့ခင်းဘက်လည်း ဆိုင်တွေထဲဝင်စီးကြသလို လုယက်မှုကိုလည်း ပေါ်တင်လုပ်လာကြ၏။

Deusကလိုင်းမိတဲ့အချိန် သို့မဟုတ် စစ်စခန်းသို့ပြန်ရောက်တာနဲ့ ဖုန်းခေါ်တတ်၏။ လာလာက ဖုန်းမကိုင်ဖြစ်ပဲစာသင်နေရလျှင်လည်း လွမ်းတဲ့အကြောင်းတွေတသီကြီးရေးပြီး ပို့နေတာတော့မဟုတ်ခဲ့။ အဲဒီလိုမဟုတ်တာကိုတောင် လာလာ့မှာ Deusကိုအချစ်မလျာ့ခဲ့ပေ။ သူနားလည်တဲ့ဘာသာစကားနဲ့တော့ ချစ်ပေးရှာသည်။

'ဖုန်းခေါ်နေတာမို့ ဘာပဲလုပ်နေနေ အားတဲ့အချိန်ပြန်ခေါ်ပေး...ရန်မဖြစ်ရသေးတော့ နည်းနည်းလောက် မင်းကို စနောက်ချင်သေးတယ်ကွာ...'

DEUSWhere stories live. Discover now