Part-14

1.4K 84 11
                                    

အဖြူရောင်ကိုယ်ထည်တစ်ခုနဲ့ အ​​ဖြူ​ရောင်အမြီးရှည်ရှည်တွေကို လှုပ်ခါရမ်းရင်းနဲ့ မြင်းဖြူလေးဟာ ရှေ့ဆုံး၌ပြေးလွှားနေ၏။ သူ၏ကျောပေါ်မှ အနက်ရောင်ဝတ်စုံအပြည့်နဲ့ Jockey Horse riderတစ်ဦးက ခန့်ညားစွာပင်။

မြင့်မားသော slowကုန်းလေးတွေကိုလည်း မြင်းဖြူလေးနဲ့ကျော်ဖြတ်ခဲ့သလို မြင့်မားသော levelsတွေကိုလည်း အောင်မြင်လာခဲ့၏။ သူ၏ညာဘက်တစ်နေရာမှ မြင်းထိန်းဟာလည်း Mateoဖြစ်နေပြီး
တစ်ဖက်အခြမ်းရှိအရှေ့ဆုံး၌ မြင်းနက်ကလေးက ပြေးလွှားနေခဲ့သည်။

အနက်ရောင်မြင်းကြီးက နက်မှောင်လှသောသူ၏ အမြီးတွေကိုယမ်းကာ မြင်းထိန်း၏ထိန်းကျောင်းမဗုအတိုင်းပြေးလွှားလျက်။ မြင်းနက်ကြီး၏ကိုယ်ပေါ်၌ ခပ်ပါးပါးကိုယ်လုံးလေးနဲ့ အသားဖြူဖြူကောင်လေးက အနက်ရောင်ဝတ်စုံအပြည့်နဲ့ သိပ်ကိုလှပနေသော မြင်ကွင်းတစ်ခုပင်။ ခပ်ပါးပါးညနေခင်းဆည်းဆာအောက် လှပနေသော ပန်းချီကားပမာ။

"yaaaa..."

Mateoက သူရဲ့မြင်းကိုထိန်းကာ ကောင်းခြင်းရဲ့မြင်းနက်ဆီသို့အမှီလိုက်နေခဲ့သည်။ Deusရဲ့မြင်းဖြူလေးကတော့ Deusရဲ့လက်တွေကြား မနှေးမမြန်ပြေးနေသော်လည်း ဒုတိယနေရာတွင် ရပ်တည်နေ၏။

"ဟာ... Deus ခင်ဗျား ကိုယ့်လမ်းက ကိုယ်သွားလေ..."

Mateoရဲ့ ပြိုင်ဆိုင်ရာလမ်းကြောင်းပေါ် ဖြတ်ပြေးသွားသော Deusရဲ့မြင်းဖြူလေးကြောင့် Mateoလဲကျမလိုဖြစ်သွားရသည်။ တစ်ဖက်မှ လိုက်မှီခါစ Diegoရဲ့ မြင်းအညိုလေးကလည်း အရှိန်သပ်လိုက်ရာ Diegoပြုတ်ကျသွားရ၏။

"ha! Deus... "

"Dedacu...ကောင်းခြင်းကို အမြန်သွား ကာကွယ်...လုပ်ကြံသူရှိတယ်..."

Deusက အသံခပ်မာမာနဲ့ပြောသွားပြီးနောက် ရှေ့ဆုံးမှပြေးလွှားနေသော မြင်းအနက်လေးနောက်သို့ အပြေးလိုက်လေသည်။ မြင်းအနက်လေးပေါ်မှ ကောင်းချီးက သူအနိုင်ရရေးအတွက် အပြေးအလွှားကြိုးပမ်းနေခြင်းပေ။ သူ့အပေါ်မကောင်းကြံသူရှိလိမ့်မယ်လို့ သူမတွေးထားလောက်ပေ။

ကောင်းချီးက အားသွန်ခွန်စိုက်နဲ့ မြင်းရဲ့ဇက်ကြိုးကိုထိန်းကာ ပြေးလမ်းတစ်လျှောက် ပြေးလွှားနေသည်။
မြင်းရဲ့ပြေးလမ်းတွေဟာ တချို့သောနေရာတွေက
မြို့အဝင်၊အထွက်လမ်းများပေမို့ တာဝေးပြေးဖို့အဆင်ပြေသလို လုပ်ကြံသူတွေကလည်း ပုန်းအောင်းနိုင်ခဲ့သည်။

DEUSWhere stories live. Discover now