Part - 47

887 69 15
                                    

ဒီမနက်နိုးလာတော့ ခြေထောက်လေးတွေအနည်းငယ် နာနေသလို ခံစားနေရ၏။ အရင်ကဆိုခံစားချက်မသိတော့သော ခြေထောက်လေးက ဒီနေ့မနက်မှ ခြေဖျားလေးတွေသာနာနေခြင်းဖြစ်သည်။ မာစီလိုပြောသော ဆားနဲ့နှိပ်နယ်ပေးတဲ့ ကုထုံးကြောင့်များသက်သာလာခြင်းလား။

ဘေးနားကဟောက်သံကြောင့် မျက်ဝန်းတွေဖွင့်ကြည့်စရာမလိုအောင် ဘယ်သူလဲသိနေပြီးသားပင်။ ဘယ်အချိန်ကအိပ်ပြန်ရောက်တယ်မသိသော်လည်း အခုတော့မိုးလင်းလောက်ပြီထင်၏။

ဗိုက်ထဲကအနည်းငယ် ဆာလောင်လာသလိုလိုနဲ့ အနည်းငယ်နေလို့ထိုင်လို့မကောင်းဖြစ်နေသည်။ Deusကိုကြည့်တော့ အရက်နံ့တွေထွက်နေ၏။ ကိုကိုလတ်နဲ့သမ္မတကြီးDiegoတို့ရဲဲ သားလေးရက်တစ်ရာပြည့်ပွဲက အိမ်ထောင်ဦးစီးတွေသောင်းကျန်းဖို့အခွင့်အရေးပေးလိုက်တဲ့ပွဲလို့ထင်နေကြတယ်လားမသိ။

ဖုန်းထဲကစာကိုဖတ်ကြည့်တော့ Diegoလည်း မူးနေကြောင်းနဲ့ Deusကို ဆူပူမတေဖို့လည်း မှာထားသော Daddyတို့၏စာဖြစ်နေ၏။

"နိုးနေတာလား..."

"..."

"အိပ်မရလို့လား...ဘယ်နားနေမကောင်းဖြစ်လို့လဲ..."

"..."

"ကောင်းချီးမင်္ဂလာ မေးနေတယ်လေ...ဘယ်နေရာနေမကောင်းတာလဲလို့..."

"အကုန်လုံးနေကောင်းပါတယ်...ကျွန်တော့်ယောကျာ်းကို သေသေချာချာလေးကြည့်ချင်လို့ကြည့်နေမိတာတောင် မရဘူးလား..."

Deusက စိတ်ပျက်သလို မျက်နှာဘေးနဲ့သက်ပြင်းချကာ မျက်နှာလွှဲသည်။ သူကစိုးရိမ်တကြီးနဲ့မေးနေခြင်းကို ကျွန်တော်က ငြိမ်နေခြင်းကြောင့်နေပါလိမ့်မည်။

"Deus မနက်စာဘာစားချင်လဲ..."

"မင်းရဲ့နှုတ်ခမ်းတွေ..."

နှုတ်ခမ်းသားပါ်ရောက်လာသော Deusရဲ့အနမ်းတွေဟာလည်း ချိုမြိန်လွန်းလှ၏။ Deusရဲ့ ဖယ်ရိုမုန်းတွေ လျှာဖျားထဲတိုးဝင်နေချိန် အငမ်းမရစုပ်ယူစားသုံးနေမိတော့ ရယ်သံခပ်ဟဟနဲ့ လှောင်ပြောင်ခံရသေးသည်။

တင်သားပေါ်မှ လက်ဖဝါး၏ပွတ်သပ်မှုနဲ့အတူ တိုးဝင်လာသောလက်ချောင်းတွေ။ Omegaတို့ရဲ့သဘာဝကထွက်သောအရည် တချို့က အတွင်းဘက်မှအနည်းငယ်လျှံလာတဲ့အခါ Deusက မော့ငေးကြည့်လာ၏။

DEUSWhere stories live. Discover now