Part - 43

867 71 6
                                    

Warning 21*++

လေတိုက်ခတ်နေသောအသံတွေကို ကြားနေရသည်။ ​ပါးပြင်ထက်မှနွေးနွေးထွေးထွေးအနမ်းတွေနဲ့အတူ ဘေးမှအပူအငွေအသက်လေး ပျောက်သွားလေ၏။ သာယာပျော်မြူးစွာအော်နေသံတို့လည်း ကြားနေရသည်။ ဝေလငါးတွေရဲ့အော်သံနဲ့တော့ တော်တော်လေးဆင်တူနေတာပင်။

မှတ်မိသလောက်တော့ လာလာနဲ့Deusတို့ Hollywoodကို ခရီးထွက်လာကြတာမဟုတ်လား။

"အခုမှ ထမလာရင် ဝေလငါးတွေကို မြင်ရတော့မှာမဟုတ်ဘူးနော် ဘေဘီ..."

"..."

မျက်ဝန်းတွေကို ဖွင့်ကြည့်လိုက်မိတော့ သဘော်ထိပ်၌ဝိုးတဝါးအရိပ်ကို အိပ်မှုန်စုံဖွားမျက်ဝန်းတွေကြားမြင်လိုက်ရ၏။ ကျစ်လစ်သန်မာလှသောကျောပြင်ကျယ်ဟာ အဝတ်မကပ်နေ။ သန်မာလှသောသူ့ရဲ့လက်မောင်းတွေကို မြှောက်လို့တစ်ခုခုသောက်နေပုံရသည်။

"စီးကရက်တွေသောက်နေပြန်ပြီလား ကိုကို..."

"No..."

ညာဘက်လက်ကို ကိုင်မြှောက်လျက် ရှန်ပိန်သောက်နေကြောင်းကို သက်သေပြလေ၏။ Heatဝင်နေခဲ့စဥ်က Deusနဲ့အိပ်နေရင်း ပင်လယ်ဘက်ကို ခရီးထွက်ချင်တယ်လို့ပြောခဲ့သေးတယ်။ ပြီးတော့ အိပ်ပျော်သွားခဲ့တာပင်။

လာလာအိပ်နေရာမွေ့ယာခင်းရဲ့ဘေးကိုအကြည့်ရောက်တော့ အံဩသွားရပြန်၏။ သဘော်ရဲ့ဦးထိပ်နေရာတစ်ခုလုံးက ဖန်သားပြင်နဲ့ဆောက်ထားလေတာမို့ သမုဒ္ဒရာရေ​မြင်ကိုမြင်နိုင်သည်။ Deusရဲ့ကိုယ်ပိုင်Yachtဖြစ်လိမ့်မှာ။

"ဒါက ကိုကို ပိုင်တဲ့Yachtလား..."

"အင်း..."

"ကိုယ်တိုင်မောင်းလာတာလား..."

"မင်းအနားက ခွာလို့မှမရတာ ဘယ်လိုမောင်းရမလဲ...Eldoနဲ့သဘော်Captionနှစ်ယောက်ပါတယ်..."

အနားသို့လျှောက်လာကာ နဖူးအထက်အနမ်းတစ်ချက်ပေးလာ၏။ ရှန်ပိန်ခွက်ထဲသို့ ရှိန်ပိန်ထည့်ရင်း
​ပြုံးကာကြည့်လာသူကြောင့် ကိုယ့်ပုံကိုကြည့်မိတော့ လာလာ့ကိုယ်၌ အဝတ်ဗလာ။ Deusရဲ့ကိုယ်ပေါ်မှာလည်း အဝတ်တစ်စပင် မရှိနေ။

ဝေလငါးတွေရဲ့တွန်မြူးနေသံတွေဟာ တဖြေးဖြေး နီးကပ်လာပြီး သဘော်တစ်စီးလုံးလည်း ရပ်တန့်သွားတော့သည်။ Deusရဲ့အဝတ်မဲ့နေတဲ့ နောက်ကျောဘက်ကိုမြင်ရနေသော နေရာအနေအထားမှ ထိုင်နေရင်း ဘေးကတွေ့ရာတဘက်ကိုဆဲဲခြုံလိုက်ရသည်အထိ တော်တော်လေးအေးနေတာပင်။

DEUSWhere stories live. Discover now