Part - 38

902 64 3
                                    

"မပူပါနဲ့ ဘယ်လူ့မှ မလိုဘူးကွယ်...
ပြည့်စုံနေပါဆဲ အကြိမ်ကြိမ်စမ်းသပ်လည်း
ဒီတိုင်းပဲ...
မယုံပါနဲ့ တချို့ရဲ့စကားလုံးတွေ
ဝေးကွာနေစဥ်မှာ ပိုတောင် မင်းလေးကသတိထား...
တစ်နေ့ ပင်လယ်ရေတွေခမ်းတဲ့ တနေ့...
နေရောင်ခြည်တွေ မလင်းတဲ့တနေ့...
ကိုယ်နဲ့မင်းနဲ့ဝေးမယ့် နေ့..."


"လာလာ ကိုယ့်ကိုအကျီရှာပေးဦး..."

"အင်း ခဏစောင့်..."

သူကတော့သီချင်းလေးငြီးရင်း ငြီးရင်းနဲ့ သူ့သားအတွက်ဝယ်လာတဲ့ အရုပ်ကို ကောက်ကိုင်နေ၏။ ကျွန်တော်ကတော့ သူချွတ်ချခဲ့တဲ့ အကျီတွေနဲ့ ဘောင်းဘီကိုပါကောက်ကာ လျော်မယ့်အထဲထည့်ရသည်။

အဝတ်လဲခန်းထဲကိုဝင်လို့ Deusဝတ်လို့ရမယ့်အကျီကိုရှာရ၏။ ဘောင်းဘီနဲ့အောက်ခံဘောင်းဘီပါ ယူလာပေးရသည်။ Bath robeကြီးနဲ့ ကုတင်ပေါ်တက်ထိုင်နေသူက သီချင်းလည်းအငြီးမပြတ်။

"ကိုကို ဘာဝယ်လာတာလဲ..."

"မင်းရဲ့သားက လေးဘက်သွားတော့မယ်လေ...
မသကာ လေးဘက်မသွားပဲ လမ်းပဲ တန်းလျှောက်ချင််ဆိုရင်လည်း ဒါကအလုပ်ဖြစ်တယ်..."

"ကလေးတွန်းလှည်းလား..."

"တစ်ခုက ကလေးတွန်းလှည်း...နောက်တစ်ခုက ကျုပ်အားယားနေရင် ကလေးထိန်းခိုင်းတတ်တဲ့ မင်းကြောင့်ဝယ်လာရတာ..."

ပေစောင်းစောင်းကြည့်ကာ ပြုံးလိုက်မိတော့ ကိုကိုက မကြည်လင်သော အကြည့်နဲ့ပြန်ကြည့်လာ၏။ တကယ်လည်း Deusရဲ့အလုပ်ပိတ်ရက်တိုင်း သားနဲ့သူ့ကို လသားအရွယ်ကလေးအတွက် သင်ကြားပေးတဲ့သင်တန်းကျောင်းအတူသွားရတာပင်။

အိမ်မှာဆရာနဲ့သင်သော်လည်း အင်တာနေရှင်နယ်လ်စကူးကိုလည်း ပို့ဖြစ်သည်။ ဒါမှသားက လူအများကြီးကြားထဲရောက်ပြီး လူမကြောက်တတ်တော့မှာ။

"အကျီပုံလေးပဲ ဒါကဘယ်လိုသုံးရမှာလဲ..."

"သံချောင်းနဲ့အကျီကိုချိတ်ရမယ်...အဲ့ဒီအချောင်းကို ကျုပ်တို့ကကိုင်ပြီး ကလေးကိုထိန်းပေးရင်း မင်းရဲ့သားကိုလမ်းလျှောက်သင်ပေးလို့ရတယ်..."

DEUSWhere stories live. Discover now