Part - 37

914 66 4
                                    

Deusက ဟက်စကီးပေါ်သို့တက်သွားပြီးနောက် အနောက်မှပါသော ဟက်စကီးတွေဟာလည်း အစီလိုက်အတန်းလိုက်နဲ့ပင်။ နာရီအနည်းငယ်ကြာသောအချိန်၌ ဗိုလ်ချုပ်ကြီး၏ရဟတ်ယာဥ်ဟာ မြို့တစ်မြို့၏ လေယာဥ်ကွင်းပေါ်သို့ဆင်းချသွားခဲ့သည်။

ရဟတ်ယာဥ်၏တစ်ဖက်တစ်ချက်၌ အစီလိုက်အတန်းလိုက်နဲ့ စစ်ကားအတန်းလိုက်ကြီးဟာလည်း သူတို့ရဲ့ ဗိုလ်ချုပ်ကြီးကိုစောင့်ကြိုနေလေသည်။
Deusက သူ့ရဲ့ဒရိုင်ဘာရှိရာကားဆီသို့ လျှောက်လှမ်းကာ Eldoဖွင့်ပေးထားသော ကားပေါ်သို့အဆင်သင့်တက်လိုက်သည်။

စစ်တပ်ရဲ့ဗိုလ်ကြီးတစ်ဦးဟာ အမိန့်ပေးသံပြုလို့ တပ်သားအားလုံးကို ကားပေါ်တက်စေ၏။ Deusက စစ်ဆင်ရေးတစ်ခုကို ထွက်ဖို့ပြင်ဆင်နေတာဖြစ်သည်။ စစ်တပ်မှတပ်သားတွေနဲ့ စစ်ဗိုလ်တွေဟာလည်း သေနတ်ခဲယမ်းများကို လွယ်ပိုးထားပြီး စစ်တိုက်ဖို့ရာအသင့်ဖြစ်နေသည်။

Deusရဲ့ယူနီဖောင်းဟာလည်း သူ့ရဲ့အမျိုးသားဗိုလ်ချုပ်ကတော် ပြင်ဆင်ပေးလိုက်သော ရုံးထိုင်ယူနီဖောင်းမဟုတ်ပေ။ စစ်ဆင်ရေးအတွက်အသင့်အနေအထားရှိနေသော အကျီနဲ့ဘောင်းဘီအပြင် ပစ်စတိုသေနတ်ကိုလည်း ကိုယ်ပေါ်၌ ချိတ်ဆွဲထားသေးသည်။

"ရဲဘော်တို့ စိန်စခန်းတစ်ခုလုံးကို ဝိုင်းကြမယ်..."

"Sir! Yes Sir!!!..."

ဗိုလ်ချုပ်ကြီးက သူ့ရဲ့တပ်သားတွေကို စိန်တွင်းတူးဖော်နေရာ စိန်စခန်းတစ်ခုလုံးဆီသို့ တပ်ဖြန့်လျက် ဘယ်သူမှမပြေးနိုင်အောင် သူလျိုတွေထည့်ထားလိုက်လေပြီ။

ပထမအဖွဲ့ဟာ တပ်စခန်းရဲ့အနီးမှာ ပုန်းကွယ်လျက်။
ဒုတိယအဖွဲ့ဟာ  ရှေ့ပြေးအဖြစ်လိုက်ပါကာ စခန်းရဲ့အတွင်းထဲသို့ ဝင်သည်။ စိန်စခန်းထဲကလုပ်သားတွေဟာ တောင်ခြေမှာမရှိတော့ပေ။ တချို့သောတရားမဟင်လုပ်သားတွေကိုဖမ်းဆီးလိုက်ပြီး တစ်နေရာထဲ၌စုထားရသည်။ လူအကုန်နီးပါးက ချိုင့်ဝှမ်းဖြစ်နေသော စိန်တူးသည့်နေရာ၌ ရှိနေကြသည်။

"ဖမ်းဝရမ်းပါတယ်... အသာတကြည်အဖမ်းခံပါ..."

"ဘယ်သူတွေလဲ..."

DEUSWhere stories live. Discover now