Part _ 8

1.7K 89 18
                                    

ဟော်တည်မှာပဲကျင်းပသော ညစာစားပွဲလို့ဆိုသော်လည်း Maldivesနိုင်ငံရဲ့သမ္မတနဲ့အတူ အာဏညရှိသောလူများကပါလာကြသေးသည်။ ဗိုလ်ချုပ်ကြီးDeusက ပြန်ပေးဆွဲခံရသောကိစ္စကို ဆွေးနွေးချင်တာမို့ပဲ အာဏာပိုင်တွေကိုပါ ခေါ်ခိုင်းထားတာလား။

အနီရောင်ကော်ဇောတွေပေါ်မှ အနက်ရောင်လည်သာရှူးဖိနပ်ရဲ့မြည်သံဟာလည်း လုံးဝကိုတည်တည်ငြိမ်ငြိမ်။ အနက်ရောင်ဝတ်စုံပြည့်နဲ့ လာလာရဲ့ဘေး၌ လက်တင်နိုင်ငံရဲ့ စစ်ဗိုလ်ချုပ်ကြီးက အနီရောင်ကော်ဇောတွေပေါ်၌ ခေါင်းမော့ရင်ကော့ကာ လျှောက်လှမ်းနေသည်။

တည်တင်းနေသောDeusရဲ့နှုတ်ခမ်းတွေနဲ့ သူ့အလိုလိုသုန်မှုန်နေတတ်သော သူ့ရဲ့မျက်နှာ မနုမကြမ်းလေးကလဲ ဆွဲဆောင်မှုရှိလွန်းသည်။ Deusရဲ့ခါးအထက်မှ ပစ္စတိုက သူ့ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ထုတ်လုပ်ထားခဲ့တာ။ ကျည်ဆန်ရဲ့တံဆိပ်ကိုက D&D logoနဲ့ Deusရဲ့ကိုယ်ပိုင်Brandပင်။

Deusရဲ့ ရင်ဘတ်ပေါ်မှ Logoတွေဟာ Latinနိုင်ငံရဲ့စစ်ဗိုလ်ချုပ်ကြီးတံဆိပ်ပြားတွေဖြစ်နေသလို မြန်မာနိုင်ငံမှ ဆုချီးမြှင့်ခံထားရသော အတော်ဆုံးဗိုလ်မှူးရဲ့တံဆိပ်လည်းရှိ၏။ သူ့ရဲ့လက်မောင်းပေါ်မှ ကြယ်ပွင့်တွေဟာလည်း သူ့ရဲ့ဂုဏ်ကိုဆောင်ပေးနေသော အရာတွေသာ။ ဘယ်နေရာရာရောက်ရောက် ခေါင်းမော့နေနိုင်တာကလည်း Deusရဲ့ကြိုးစားမှုတွေကြောင့်။

လွန်ခဲ့တဲ့၁၀နှစ်နီးပါးက ဆုံခဲ့ဖူးစဥ်ကလိုမဟုတ်တော့​သော Deusရဲ့ကိုယ်နေဟန်ထား။ Deusက အများကြီးပြောင်းလဲသွားသလိုလိုနဲ့ မပြောင်းလဲသေးပါ။ သူ့ရဲ့မျက်ဝန်းတွေဟာ အမြဲတမ်းစူးရှတောက်ပနေတတ်တာ ကျားသစ်နက်တစ်ကောင်လို။ လူတစ်ယောက်ကို သူ့ဘက်ကကြည့်တတ်သောမျက်ဝန်းတွေဟာလည်း အမြဲတမ်းလိုလို ရန်လိုနေတတ်၏။

သမ္မတနဲ့နှုတ်ဆက်နေတဲ့သူ့ရဲ့အမူအရာတွေဟာလည်း တစ်စက်လေးမှအချိုးမပြေပေ။ Maldivesရဲ့သမ္မတအသစ်စက်စက်ကပင် Deusကို အလေးပေးဆက်ဆံနေရသည်။ လူတိုင်းကသူ့ကိုနှုတ်ဆက်နေသော်လည်း Deusကတော့ မျက်နှာသေနဲ့ ခေါင်းငြိမ့်ပြရုံလောက်သာ သူလုပ်တတ်သည်။

DEUSWhere stories live. Discover now