Part 30

1.1K 72 12
                                    

စစ်မြေပြင်နဲ့အနီးအနားက နယ်မြို့လေးက လူပေါင်း၃၀၀နီးပါးရှိသည်။ စစ်ပွဲစဥ်ကတည်းက ဒဏ်ခံခဲ့ရသော နယ်ခံတွေကလည်း သနားဖို့အရမ်းကောင်းပါ၏။ အိမ်၊ခြံ၊မြေတွေ ဆုံးရှုံးကြရသလို လယ်၊ယာ၊တွေလည်း ဆုံးရှုံးကြရသည်။ အသက်တွေလည်း ဆုံးရှုံးရသလို မိသားစုတွေလည်းသေဆုံးကြရ၏။
အဓိမှားသူမှာစစ်ပွဲကိုဖိတ်ခေါ်နေသူတွေသာဖြစ်သည်။

စစ်ပွဲကိုအဆုံးသတ်ချင်သည်။ ပြည်သူ၊ပြည်သားတွေနဲ့ အသက်အိုးအိမ်တွေဆုံးရှုံးရမှုကို နှမြောမိသည်။ တစ်ဖက်တိုင်းပြည်ကလည်း ဒီလိုပဲဖြစ်နေလိမ့်မှာ။

သူတို့လိုချင်တာက သူတို့မင်းသားရဲ့ရုပ်အလောင်း။

စားပွဲပေါ်မှမြေပုံစာရွက်ကိုကြည့်နေသူ Deusက တစ်ဖက်မှစစ်တပ်ရဲ့တည်နေရာနဲ့ ပုန်းကွယ်နေသောနေရာတွေကို ကြည့်နေခြင်းပေ။ သူတို့တွေဟာ လှိုင်ဂူထဲမှာ ပုန်းကွယ်နေခဲ့ကြတာဖြစ်သည်။ စစ်ပွဲကနှစ်ဖက်လုံးအထိနာခဲ့ကြတာမို့ ခေတ္တခဏတော့ စစ်ပွဲရပ်နားကြပေလိမ့်မှာအမှန်။

သက်ပြင်းကိုချရင်း မြေပုံကိုကြည့်ကာ စဥ်းစားနေသော ဗိုလ်ချုပ်ကြီးDeusကို သူ့ရဲ့တပည့်က လှမ်း၍ခေါ်လိုက်လေ၏။

"ပြော Eldo..."

"ဗိုလ်ချုပ်ကြီးရဲ့အမျိုးသား ဗိုလ်ချုပ်ကြီးကတော်က ဒီစစ်မြေပြင်ကို လိုက်မယ်ဆိုပြီးပြောပါတယ်...ကျွန်တော်ဗိုလ်ချုပ်ကြီးကိုဖုန်းဆက်တော့ ဗိုလ်ချုပ်ကြီးက တစ်ဖက်ကမ်းကစစ်ဖြစ်တဲ့နေရာမှာဆိုတော့ သတင်းမရခဲ့တာပါ...ဗိုလ်ချုပ်ကြီးကတော် မစ္စတာလာလာကအရမ်းလည်ပါတယ်...ဗိုလ်ချုပ်ကြီးကိုဖုန်းဆက်ရင် ကျွန်တော်ကိုခေါင်ထဲပို့ပစ်မယ်လို့ ချိန်းခြောက်ပါတယ်...ရာထူးလဲသိမ်းမယ်...အမေနဲ့လဲတိုင်မယ်...KTVသွားတာရော...ရည်းစားထားဖူးတဲ့ကိစ္စကိုပါ အမေနဲ့တိုင်မယ်တဲ့ဗျာ..."

"အဲ့တာနဲ့ပဲ မင်းကသူ့ကို ရှေ့တန်းခေါ်လာတယ်ပေါ့..."

"ဗိုလ်ချုပ်ကြီးအဖေတွေရဲ့အမိန့်ပါ...ဗိုလ်ချုပ်မှူးကြီးDeloကလည်း အရိပ်တပ်သားအဖြစ်နဲ့စောင့်ရှောက်ဖို့လွှတ်လိုက်တာပါ...Eldoဒီကိုလာတာ ဗိုလ်ချုပ်ကြီးကတော်မစ္စတာလာလာ မသိပါဘူး..."

DEUSWhere stories live. Discover now