Part - 33

1K 78 6
                                    

'ဗိုလ်ချုပ်ကြီးရဲ့အငယ်အနှောင်းအဖြစ်နဲ့နေနေတာတဲ့လေ...'

'ဘယ်သူလဲ...'

'အဲ့ဒီဆေးကျောင်းသားVolenteerပေါ့...Lalaလို့ခေါ်တယ်လေ...ငါတို့ရဲ့ဆရာဝန်ခေါင်းဆောင်ဖြစ်တဲ့ အကိုကရော...စစ်ဆေးဗိုလ်ကြီးတွေကရော သူ့ဘက်ကပဲလေ...ဗိုလ်ချုပ်ကြီးDeusနဲ့ ပလူးပလဲဖြစ်နေမှန်းမသိစရာမှမရှိတာ မသိချင်ယောင်ဆောင်ပေးနေကြတာ...'

'သူကအဲ့ဒီလောက်တောင်ဆိုးလို့လား...ဒါကြောင့် Ms Catherine က မကြိုက်တာလား...'

'Ms Catherine က မယားငယ်​ Haterလေ...
သူ့ဘဝမှာ သူ့ဘာသူမသိပဲ မယားငယ်ဖြစ်ခဲ့ရတာကို အကြောင်းပြုပြီး မယားငယ်ဆိုသိပ်မုန်းတာ...ဒါကြောင့် Mr.Lalaကို ကြည့်မရပဲ သူမမြင်ဖူးတဲ့
ဗိုလ်ချုပ်ကြီးရဲ့ဇနီးကို သနားနေတာ...'

'ဒီဆေးကျောင်းသားလေး Lalaကရော ဘာကြောင့်များ ဗိုလ်ချုပ်ကြီးကို မြူဆွယ်ရတာလဲ...ဗိုလ်ချုပ်ကြီးကအဆင့်မြင့်Alphaလေ...

'သူ့Omegaနဲ့ပဲ ကိုယ်ဝန်ရနိုင်မှာ ဒီကောင်လေးကို အပျော်ပဲသဘောထားတာနေမှာပေါ့ဟယ်...'

နေ့တလူကြားနေရသောအသံတွေက Lalaနဲ့Deusအကြောင်းအတင်းပြောနေတဲ့ ဆရာဝန်များ၊သူနာပြုအုပ်စုများဆီမှလာခြင်းပေ။ ကန်တင်းမှာထမင်းစားပြီး မနက်စာပန်းကန်ကို ဆေးမယ့်နေရာပို့ကာ Deusဆီသို့အပြေးသွားရသည်။

လာလာဂျူတီထွက်လာမယ့်အချိန်ကို Deusက စောင့်နေလိမ့်မှာ။ သူ့အတွက် အရေးကြီးယူနီဖောင်းကို ဝတ်ဆင်ချိန်ဝယ် သူ့ရဲ့ဇနီးနေရာက ကိုယ်က ပြင်ဆင်ပေးပါရန် တောင်းဆိုထား၏။ စစ်ပွဲရပ်ဆိုင်းရေးစာချုပ်ချုပ်ဖို့ရာအတွက် နယ်မြို့လေး၏တရားရုံးဆီသို့ Deusကသွားရမည်။
တစ်ဖက်မှ မင်းသားကလည်း ထိုတရားရုံးဆီသို့လာလိမ့်မှာ။

"ဗိုလ်ချုပ်ကြီးကတော်..."

"ခေါင်းဆောင်ကလည်း Lalaလိုပဲအရင်လို ခေါ်ပါလို့ ပြောထားတယ်လေ..."

"ဟုတ်ကဲ့ပါဗျ...ဟုတ်ကဲ့ပါ...ဒါပေမယ့် အခုထိမယုံနိုင်သေးတာ..."

လာလာက ရယ်တော့ စီနီယာဖြစ်တဲ့ဆရာဝန်ခေါင်းဆောင်အကိုကလည်း ရယ်လေ၏။ လွန်ခဲ့တဲ့ရက်က Deusရဲ့တဲထဲသို့ စီနီယာအကိုက ရုတ်တရက်ဝင်လာခဲ့သည်။ အကြောင်းက Ms Catherineပြောသောကြောင့်တဲ့ဟုဆိုသည်။

DEUSWhere stories live. Discover now