Part - 41

872 74 4
                                    

အနက်ရောင်Suitကိုဝတ်ဆင်ထားတဲ့ ခန့်ညားချောမောသော လူတစ်ယောက်က အနီရောင်ကားပတ်ပေါ်သို့ဆင်းလာသည်။ မီးစလိုက်ပေါင်းစုံက သူ့ဆီသို့ဦစတည်ကာ ကင်မရာသမားများကလည်း အပြေးအလွှားဖြင့် သူ့ပုံရိပ်ကိုမှတ်တမ်းတင်နေကြ၏။

"ဗိုလ်ချုပ်ကြီးDeus လူလုံးထွက်ပြတာပဲဟေ့..."

"လေလံပွဲကို သူ့ရဲ့အသစ်စက်စက်အမျိုးသားလေးနဲ့လာတာလား..."

"ဟေ့ဟေ့...ကားထဲကဘယ်သူထွက်လာလာ အမိအရ ဓာတ်ပုံရိုက်ပြီး သတင်းရေးရမယ် ဟေ့ကောင်ရေ..."

Deusဆိုသူက ရှေ့တန်းကပြန်လာပြီးနောက် ပွဲတက်စရာနေရာတွေကို ငြင်းပယ်ခဲ့သူပင်။ တော်ရုံပွဲများမပြောနှင့် အစိုးရနဲ့ဆိုင်ပါသောပွဲတွေကိုပင် လျစ်လျူရှူ့တတ်သူ။ စိတ်မပါချိန်မှသာ ဖိတ်ကြားသူတွေကို အလေးပေးတယ်ဆိုမှသာ ပွဲတက်လို့ဂုဏ်ပြုတာဖြစ်၏။

တခါတရံဆိုပါလျှင် အဖေအရင်းတွေရဲ့နှစ်ပတ်လည်နေ့တွေကိုပင် ပွဲတက်ချင်မှတက်ပေးတတ်၏။ "ဂုဏ်ယူပါတယ်"ဆိုသော စာတစ်စောင် သို့မဟုတ်လျှင် ပန်းစည်းများနှင့် ရှားပါသောပစ္စည်းများကိုသာ ပို့ပေးတတ်သူ။

"ဗိုလ်ချုပ်ကြီးခင်ဗျ...ဒီဘက်ကိုကြည့်ပေးပါလားဗျ..."

"..."

Deusက မျက်ဝန်းထောင့်ကပ်ပြီးသာ တစ်ဖက်အခြမ်းမှ ကားတံခါးဆီသို့လျှောက်သွားလေသည်။
ကားတံခါးကိုဖွင့်ရုံသာရှိသေး၏။ ကင်မရာများက တဖြတ်ဖြတ်မည်သောအသံတွေနဲ့ ဓာတ်ပုံရိုက်ရဖို့အရေးအလုအယက်။ အနီရောင်ကော်ဇောထက်၌ အဖြူရောင်လည်သာဖိနပ်လေးနှင့် ဖြူဖြူဖွေးဖွေးခြေသလုံးလေးက စတိုင်ပင်အောက်မှထွက်လာသည်။

ဝိုးဆိုသောမြည်သံ။ ဝါးဆိုသောမြည်သံတွေနဲ့အတူ မီးစလိုက်အရောင်တွေက တဖြတ်ဖြတ်။ ဇာလက်အိတ်အဖြူလေးက အနက်ရောင်ဝတ်စုံအောက်မှ လက်မောင်းကိုထိခတ်ကာ ဆုပ်ကိုင်လို့ အဖြူရောင်ဝတ်စုံနဲ့ကောင်လေးက အနီရောင်ကော်ဇောကြီးပေါ်သို့ အပြုံးလေးနဲ့မတ်တပ်ရပ်နေခဲ့ပြီ။

"ဗိုလ်ချုပ်ကြီးကတော်ပဲ..."

"ဝိုး...အကျီကလှလိုက်တာ..."

DEUSWhere stories live. Discover now