Part - 34

919 78 7
                                    

Deusရဲ့တပည့်တစ်ယောက်က လာလာ့ကိုအဝေးသို့တွန်းပို့ပြီးနောက် ကျန်တပည့်တစ်ယောက်ဟာလည်း ခုန်အုပ်ကာ ကာကွယ်ပေးလေ၏။ ရုတ်တရက်ဖြစ်ပျက်သွားသောအခြေအနေကြား၌ လူတစ်ယောက်ပျောက်ကွယ်သွားကာ ဂူတစ်ခုလုံးအမှောင်ဖုံးသွားလေသည်။ မြေကြီးတွေဟာလည်း ဝုန်းဒိုင်းနဲ့လှုပ်ခတ်နေရင်း အသံတစ်ခုနဲ့အတူ လက်တစ်ဖက်က ဆွဲခေါ်သူနောက်ပါသွားခဲ့၏။

ဂူထဲ၌ အလင်းရောင်မှိန်ဖျော့ဖျော့ရှိနေခဲ့သည်။ မာဂျူရီမီးအလင်းရောင်တွေနဲ့အတူ ဂူထဲရှိဘုရားများဆီမှ အလင်းတိုင်တွေ။

အခုရောက်နေရာဂူကခရီးသွားတွေအတွက် လေ့လာစရာများရှိသော ဂူတစ်ခုဖြစ်၏။ ထိုနေရာ၌ရှေးခေတ်ကဆောက်လုပ်ခဲ့သော ဗုဒ္ဓမြတ်စွာဘုရား၏စေတီတော်တွေနဲ့ရှေးဟောင်းဆင်းတုတော်တွေရှိသည်။ နိုင်ငံခြားသားခရီးသွားများကတော့ လေ့လာစရာဗိသုကာတွေကို လာရောက်ကြည့်ရှူ့ကြခြင်းပေ။

"ဒီဘက်ကိုလာပါ ဒီမှာလူတွေအများကြီးပဲ..."

တကယ်လည်းခရီးသွားရင်းပိတ်မိနေကြသူတွေဖြစ်လိမ့်မည်။ လူနည်းစုလေးသာရှိနေ၏။

"လူဘယ်နှစ်ယောက်ရှိတာလဲ..."

"အမျိုးသမီး၃ယောက်နဲ့ အမျိုးသား၇ယောက်ရှိပါတယ် အကိုတို့အပါအဝင်ပါ..."

လာလာက မိမိဟာဆရာဝန်လောင်းလျာတစ်ယေ.က်ဖြစ်ကြောင်းနဲ့ စစ်မြေပြင်ကစစ်သားတွေကို ကုသပေးနေတဲ့စေတနာ့ဝန်ထမ်းဖြစ်ကြောင်း မိတ်ဆက်ဖြစ်သည်။ Deusရဲ့တပည့်ဟာလည်း သူ့နာမည်ဘယ်သူဖြစ်ကြောင်းနဲ့ ရာထူးဟာစစ်ဗိုလ်ကြီးဖြစ်ကြောင်းကို နှုတ်ဆက်လို့ မိတ်ဖွဲ့ခဲ့ရ၏။

အားတက်စေဖို့လည်း စစ်ဗိုလ်တစ်ယောက်ကအားပေးခဲ့သလို ဆရာဝန်လောင်းတစ်ယောက်နဲ့အတူ ဆေးပစ္စည်းအစုံရှိနေပြီမို့ သူတို့လေးတွေအနည်းငယ် ပြုံးနိုင်ခဲ့ကြ၏။ ဂူထဲ၌ပိတ်မိနေသူတွေဟာအနည်းငယ် အားတက်လာတဲ့အခါ...

"အခုဒီလမ်းက တောင်ပြိုနေတယ်...အစကရော ဒီလမ်းကပဲ ဝင်လာခဲ့တာလားဗျ..."

"မဟုတ်ပါဘူး ခင်ဗျ...ဟိုဘက်ချိုင့်ဝှမ်းလေးမှာ ရေတံခွန်လေးရှိတယ်ဆိုလို့ ဒီလှိုင်ဂူထဲက ဗိသုကာတွေကိုလေ့လာပြီးရင် အဲ့ဒီရေတံခွန်ဆီသွားကြမလို့ပါပဲ...မထင်မှတ်ပဲ တောင်ပြိုကြတာနဲ့ကြုံတာပါ..."

DEUSWhere stories live. Discover now