Part - 48

1K 82 8
                                    

"Congratulations Madam Chescher...ကိုယ်ဝန်ရှိနေပါပြီ..."

"..."

"ကျွန်တော်စမ်းသပ်မိသလောက်တော့ ကိုယ်ဝန်က၂၂ပတ်လောက်ရှိနေပါပြီ..."

"တ...တကယ်...လား..."

"ဗိုလ်ချုပ်ကြီးနဲ့မဒမ်တို့အတွက် ဂုဏ်ယူပါတယ် ခင်ဗျ...တကယ်ပါ...Mr.Lala အမှန်တကယ်ကို ကိုယ်ဝန်လွယ်ထားရပါတယ်..."

နေလို့သိပ်မကောင်းတာမို့ Deusက ဆေးရုံသွားကာ စစ်ဆေးခိုင်းသည်။ သူပြန်လာတာကိုစောင့်ချင်သော်လည်း စိတ်က အလိုလိုနေရင်း လေယာဥ်စီးချင်စိတ်ပေါ်လာခဲ့၏။ လေယာဥ်ပေါ်တက်တော့ အကောင်းပကတိအတိုင်းဖြစ်သည်။ လေယာဥ်ပေါ်ရောက်မှ စိတ်ထပ်ဖောက်၏။ လေယာဥ်ကိုကိုယ်တိုင်မောင်းချင်စိတ်ပေါ်လာခဲ့ခြင်းပေ။

လေယာဥ်ကိုယ်တိုင်မောင်းမယ်ပြောတော့ လူတိုင်းကတားဆီးနေကြသည်။ ခြေထောက်လေးအနည်းငယ်လှုပ်ရှားလို့ရကာစမို့ မတင့်တော်ကြောင်းကို လူတိုင်းက တားနေကြတာခြင်းပေ။  လာလာ့ရဲ့စိတ်ကလဲ လေယာဥ်မမောင်းရ၍ အဆင်ပြေလာပြန်တော့ လေယာဥ်မှူးကို Latin အရှေ့အရပ်မှ အနောက်အရပ်၊ အနောက်မှ တောင်၊ တောင်မှ မြောက်၊ မြောက်မှ အရှေ့ပတ်ကာ လေယာဥ်တစ်ပတ်မောင်းခိုင်းမိ၏။

လေယာဥ်ပေါ်၌လည်း Classicသီချင်းလေးဖွင့်ပေးခါးပုံက လာလာ့အကြိုက်ဆုံးလေးတွေဖြစ်သည်။ ကိုယ်ရံတေယ်တွေနဲ့လေယာဥ်မယ်တွေအပါအဝင်
ဦးပိုင်က လာလာ့ဘေးတွင်ရှိနေကြ၏။ သို့သော်Rapသီချင်းကိုမှ နားထောင်ပါရစေဟုဆိုကာ လေယာဥ်ထဲ၌ လုံးဝအကျယ်ဆုံးသော Rapသီချင်းကိုနားဆင်ခဲ့မိသည်အထိ အကြိုက်ပြောင်းခဲ့သည်။

လေယာဥ်ပေါ်၌သီချင်းနားထောင်ပြီးချိန်၌ အရေးပေါ်ခလုတ်ကိုတွေ့ခဲ့၏။ အရေးပေါ်ခလုတ်ကိုဖိနှိပ်ပစ်ချင်စိတ်က တဖွားဖွားပေါ်လာတဲ့အခါ ထိုနေရာသို့ ခရင်းနဲ့ပစ်ပေါက်ခဲ့သည်။ အရေးပေါ်အခြေအနေရုတ်တရက်ကျလာတော့ လာလာ့ကိုလူတိုင်းက စိုးရိမ်ခြင်းမရှိ။ မျက်လုံးအဝိုင်းသားတွေနဲ့သာကြည့်နေကြတာမို့ သူတို့ကိုပြုံးပြကာ လေထီးဖြင့် လေယာဥ်ပေါ်ကခုန်ချခဲ့သည်။

ထိုသတင်းကိုကြားတဲ့ဗိုလ်ချုပ်ကြီးရဲ့ ရဟတ်ယာဥ်က လေယာဥ်ရဲ့အနောက်ဘက်တွက်လိုက်လာကာ လာလာတို့ပျံသန်းနေတဲ့အမြင့်ပေထပ်နိမ့်သောနေရာတွင်ရပ်၍ စောင့်နေခဲ့သည်။ လေယာဥ်ပေါ်မှ လေထီးကိုင်၍ခုန်ဆင်းလာလေသော သူ့ရဲ့ချစ်ဇနီးလေးကောင်းချီးမင်္ဂလာကို ဗိုလ်ချုပ်ကြီးDeusက ဖမ်းဆွဲသည်။ လက်၌အသင့်ပါလာသော သူ့ခါးဖြင့်တွယ်ချိတ်ပြီးသားဖြစ်သည့် ကြိုးကို ကောင်းချီးမင်္ဂလာရဲ့ခါးမှလေထီးကြိုးနဲ့တွယ်ကာ အန္တရာယ်ကင်းလောက်တဲ့အနေအထားထိ လေအဝှေ့ကိုယူခဲ့သည်။

DEUSWhere stories live. Discover now