Part 1 (Uni+Zawgyi)

2.5K 62 12
                                    

Uni

​"အောက်အီးအီး​အွတ်!!!!"
​"ဒေါင်​...ဒေါင်... ​ဒေါင်​....ဒေါင် "

သင်္ကန်းဝတ်တာ ၃လ​ကျော်လာပြီဖြစ်တဲ့အတွက်အမြု​တေ​(ခေါ် )ကိုရင်ကြီး ဝါယမ သည် ဘုန်း ကြီး​ကျောင်းနဲ့​နေ သားတကျ ရှိ​နေခဲ့ပါပြီ။နေရာကရှမ်း ပြည်နယ်၊ ​တောင်ကြီးခရိုင် ၊ရွာငံမြို့နယ်ဓနု  ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ​​သော​ဒေသဖြစ်၏။ဓနုတိုင်းရင်းသားတို့ အများဆုံးနေထိုင်ကြ​သော မြို့​လေးဖြစ်သည်။ က​လော ၊ ​အောင်ပန်း ဘက်က​နေ သွားလာလို့ရသလိုမန်း​လေးဘက်ကလည်း သွားလာလို့ရ၏။ရန်ကုန်၊မန်း​လေးလမ်း​​ဟောင်းပေါ်ရှိကျောက်ဆည်- ဟန်မြင့်မိုရ် - မြို့ကြီး- ရွာငံလမ်း ဖောက်ပြီး အချိန်မှာတော့ရွာငံနယ်က ဒေ သခံတွေဟာ နတ်ထိပ်တောင် ကြားလမ်း ကတဆင့် မြစ်သားနယ်ကို သွားလာလို့ ရတာ​ကြောင့် လမ်းခရီး သွားလာရန် လွယ်ကူသည်။မိန်းမရဲသခင်မ​တောင် ၊ ​ရေပြာအိုင်နှင့်ရေတံခွန် အ​မြောက်အများရှိတာ​ကြောင့်ခရီးသွားတို့ စည် ကားလှသည်။ ရွာငံ​ကော်ဖီနဲ့ လ္ဘက် ​ခြောက်ကလည်းနာမည် ကြီးပါသည်။

"ကိုရင်ကြီး
အာရုံဆွမ်းဘုန်းရတာ အဆင်​ပြေလားဘုရား "

"အဆင်​ပြေပါတယ်ဒကာမကြီး"

"တစ်ဝါ ဆိုမှာလား ကိုရင်ကြီး "

"အဆင်​ပြေသ​လောက်​ပေါ့ ဒကာမကြီးရယ်"

​ဒေါ်နန်းအေးတင်တစ်​ယောက်သားဖြစ်သူအ တွက်အာရုံဆွမ်းလာပို့ရင်း အမြဲ​မေး​နေကြစကားဖြစ်ပါသည်။ အသက် ၁၇ နှစ်သာ ရှိ​သေးတဲ့ သား​လေးက သာသနာ့ ​ဘောင်ထဲ ​ရောက်​နေ​တော့ ​ပျော်ရမှာလား၊ ဝမ်းနည်းရမှာလား​တောင်မ​ပြောတတ်။သားတစ်​ယောက်သမီးတစ်ယောက် ထဲရှိတာမို့ သူ ဆန္ဒအရ ဆိုရင်​တော့ သာသနာ့ ​ဘောင်ထဲအပြီးမဝင်​စေချင်ပါ ။ဒါ​ပေမယ့်လည်း ပြတ်သားလှတဲ့ကိုရင်​​လေး​ကတော့ စားစ ရာရှိတာများစားပြီး ​ကျောင်းဝန်းသန့်ရှင်း​ရေး လုပ်ဖို့ သူ​ရှေ့က ထသွား​တော့သည်။ သူလည်း ​ခေါင်းကို ခါရမ်းကာအိမ်ပြန်လာခဲ့၏။

"ဘယ်လိုလည်း မ​အေး "

"ဒီလိုပါပဲ​တော်
စိတ်​တွေလည်းရှုပ်ရပါတယ် "

Created by hate (Completed )Where stories live. Discover now