Part 22 (Uni+Zawgyi)

792 37 6
                                    

Uni

📲Buzz
မမဆင့်

📞ဟုတ်မမ
ငယ်​လေးဆီ ​ရောက်​နေတာ
ဒီ​နေ့ ပြန်လာမှာ

အမြု​တေ နိုး​နေတာ ကြာပါပြီ ။ ဦးရင် ခွင်ထဲမှာ အိပ်​​နေတာမို့ အပျင်းကြီးပြီး ဇိမ်ခံစဲ။ မိုး​လေးကလည်းတစ်ညလုံးရွာထားတာမို့ အရမ်းကို ဇိမ်ခံလို့​ကောင်း​နေ၏။ ဒါ​ပေမယ့် ဖုန်းဆက်သံကြား လိုက်​တော့ လူက လုံး​ဝနေလို့မ​ကောင်း။ မ​နေ့ကမှ​ရောက်တာကို ဒီ​နေ့ ပြန်​တော့မည် ဆိုတာက​တော့ရက်စက် လွန်းပါသည်။ လွမ်းဖျား ဖျား​နေတာ ​တောင် မ​ပျောက်​သေးပါဘူး ။

"ပြွတ်စ် !!!
နိုးရင် ထကွာ
ဘာလုပ်​နေတာလဲ ပူတူး​လေး "

"............."

​"ရော ဘာဖြစ်လို့ ပါးစပ် ပိတ်ထားတာလဲ "

မနက် မိုးလင်းလင်း ခြင်း ​morning kiss ​လေးပေးရုံရှိ​သေးသည်ငယ်​လေး တို့က ​ကောက်ပါပြီ။ ပါးစပ်ကို တင်း​နေ​အောင် ​စေ့ထားတာ လုံးဝ မဟ ။ နမ်း​နေတဲ့ သူ​တောင် feel ဖြစ်လွန်းလို့ ​မေးယူ ရတဲ့အဆင့် ။ အိပ်ချင်​ယောင် ​ဆောင်​နေတာ​ကြောင့် အသဲပိုကွဲလာသည်။ အချိန်​ကောင်း​နေတုန်းမှာ ဖုန်းက ထမြည် လာ ၏။ သူ့ဖုန်းမဟုတ်ပါ ငယ်​လေး ဖုန်း​ပေမယ့် သူပဲကိုင်လိုက်သည်။

📞Hello စိုင်း​လေး
Morning

📞ငယ်​​လေး မဟုတ်ဘူး
ငယ်​လေး ချစ်သူ
​ပြောစရာ ရှိတာ​ပြော

📲တူတူ တူ

​"တောက် !!!!လူပါးဝလိုက်တာကွာ"

ရန်နိုင်က​တော့အ​တော်​ဒေါသထွက်သွားပါသည်။ ဘာကိစ္စ​ကြောင့် အဲ့လို့ဖြစ်သွားရသည်စဥ်းစားမရ ။ ဦးသင့်နဲ့ငယ်​လေး အတူတူ အိပ်​နေကြတာကိုလည်း စိတ်မ​ကောင်း ။ အထူးသဖြင့် ပိုင်စိုး ပိုင်နင်း ငယ်​လေး ဖုန်းကို ကိုင်လိုက်တာကို ပို ​ဒေါသထွက်မိသည်။

"ဘယ်သူ့ဖုန်း လည်း "

"ရန်နိုင်
အ​စောက ဘာဖြစ်တာလဲ​ပြော စိုင်းအမြု​တေ
မနက်ခင်း မင်္ဂလာယူရမည့်အချိန်မှာ ငါ ​ဒေါသ ထွက်တာ ​ကောင်းလား "

"ဦးကို ဘယ်သူက ​ဒေါသ ထွက်ခိုင်းလို့လည်း "

"ဘာကွ !!!"

Created by hate (Completed )Where stories live. Discover now