Uni
🌻နေကြာ့ရဲ့ ၅အုပ်မြောက် fic လေး ဖြစ်တဲ့ Created by Hate လေးက ပြီးဆုံးသွားပါပြီ။ ဘယ်လို အမုန်းပဲ ဖြစ်ဖြစ် အချစ်က အနိုင်ယူသွားတာကို ပြချင်တာပါ ။ ဒီပွဲမှာ အရမ်းမုန်းခဲ့ သင့်နဲ့ သင့်ကို အရမ်းချစ်ခဲ့တဲ့ ငယ်လေး ဇာတ်ရုပ်ကို ပီပြင်အောင်မနည်းရေးရပါတယ် ။
အစပိုင်းမှာ ငယ်လေးကို အနိုင်အရမ်းကျင့်တဲ့ ဦးကို fan တွေ က မကြိုက်ခဲ့ပါဘူး ။ fic အလယ်လောက်မှာ ဇာတ်ကျောပြောင်းဖို့ ပြောကြပေမယ့် နေကြာက ခေါင်း မာစွာ ဆက်ရေးခဲ့ပါတယ် ။ ဒီ fic က နေကြာ့ ရေးသမျထဲမှာ ongoing လိုက်တဲ့ သူအနည်းဆုံးပါပဲ။ ဒါပေမယ့် completed ဖြစ်အောင် ရေးနိုင်ခဲ့လို့ ကိုယ့်ကို ကျေနပ်ခဲ့ပါသည်။အချစ်အမုန်း တိုက်ပွဲတွေကြား ဦးနဲ့ငယ်လေး အချစ်နဲ့ ဇာတ်သိမ်းသွားပါတယ်။ ကျနော် စိတ်ကြိုက် ဖန်တီးခွင့်ပေးခဲ့ ကျနော့ ဇာတ်ကောင် ဦးနဲ့ ငယ်လေး ကို လည်းကျေးဇူး တင်ပါတယ်🌻ဘဝရဲ့ အခက်အခဲဆုံး အချိန်တွေမှာ fic တွေဖတ်ရင်း ဖြတ်သန်းခဲ့တာမို့ ကိုယ့်လိုပဲ fic ဖတ်ပြီး ဘဝ အမောတွေ ပြေနိုင်ကြပါစေ လို့ ဆုတောင်းလိုက်ပါတယ်
အရမ်းတွေ အလုပ်များတဲ့ ကြားထဲက update မုန်အောင် ရေးတင် ပေးရတဲ့အတွက် လိုအပ် ချက်တွေ ရှိခဲ့ရင်လည်း နားလည်ပေးဖို့ တောင်း ပန်ပါတယ်
🌻 လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ချင်တာကတော့ CBH fic လေး ongoing လိုက်ပေးခဲ့ကြတဲ့ ကိုကို ၊ မမ တွေ အားလုံး ကို ရင်ထဲမှာ မှတ်တမ်းတင် ထားလိုက်ပါတယ် ။
Votesတွေ , comments တွေပေးကြတဲ့ ကိုကို ၊ မမ တွေကိုလည်း ကျေးဇူးအထူးပါ ။
Complete ဖြစ်အောင် ဥထားပြီး ဖတ်ပေးကြမယ့် ကိုကို မမ တွေကိုလည်း ပြော မပြနိုင်အောင်ကျေးဇူးပါ။
Slient readers လေးတွေလည်းကျေးဇူးပါ ။follow ပေးတဲ့ ယောက်စီတိုင်းလည်းကျေးဇူးပါ ။🌻CBH ကိုအစအဆုံးအပိုင်းတိုင်း Comments တွေ votes တွေ ပေးပြီး ရေးဖို့တွန်းအားပေးခဲ့တဲ့ khinHtwe20tharnge20
moeZphyusmile20smile တို့ကိုလည်းကျေးဇူးအထူးပါ 😍
YOU ARE READING
Created by hate (Completed )
Romanceမင်းက တစ်သက်လုံး ငါ့ကို ခစားရမှာ ကြားလား #သင့် ငါက ဦးသင့်ရဲ့ အမိန့်ကို နာခံဖို့ မွေးဖွားလာတာ #စိုင်းအမြုတေ