Part 13 (Uni+Zawgyi)

884 45 6
                                    

Uni

​"မောင်​လေး​ရေ "

​"ပြော​လေ မမ "

​"တောင်ကြီးဆိုင်အ​ခြေအ​နေ "

​"နောက်လ ​လောက်ဆို  ဖွင့်ဖို့အို​ကေ ပါပြီ "

မနက် စာစားရင်းမမနဲ့ အလုပ်အ​ကြောင်း တိုင် ပင် နေကြသည်။ မမက အလုပ်​လော ဘ ကြီးတာ သူ့ထက်သာ ၏။ တစ်ရက်မှလည်း မနား။ အလုပ်​တွေ အားလုံး သူကြည့်လုပ်နေတာ ။ သူ့ PA ကို အားမရလို့ ငယ်​လေး ကို​တောင် လာခိုင်းချင်​သေးသည်။ ငယ်​လေးကလည်း အလုပ် လုပ်မယ်ဆို လာထား ။ ဒါ​ပေမယ့် ဒီ​​​နေ့ မနက် ၈နာရီ ​ကျော်သည်အထိငယ်​​လေး အိမ်​ရောက်မလာပါ။တခါမှမပျက်ကွက် ဘူးတာမို့ အ​တော် ​ဒေါကန်​နေပါသည်။ မ​နေ့က နု​လေးယဥ်​မွေး​နေ့သွားမယ်ဆိုပြီး ခွင့်တိုင်သွားတာ ။ သူ့ဆီမှာအမြဲအိပ်​နေ ကျ လူကညထဲက​ပျောက်သွားတာ ဒီ​နေ့မနက်အထိ လူကို ​ပေါ်မလာတာ ။

📲Buzz နု​လေးယဥ်

​📞ပြော နု​လေး

📞ကိုသင့်
အမြု​တေ ​လေး ဖျား​နေလို့

📞ဘာ

ဘယ်သူ့ကိုစိတ်တိုရမှန်းမသိ။ ​ခေါ်သွားတဲ့နု​လေးယဥ်ကလည်း ပျာပျာ သလဲ။ ငယ်​လေးဆိုတဲ့​ကောင်​လေးကလည်း​ည က ​​​သောက်တာ လွန်ပြီး မထနိုင်​သေး။ ငယ်​လေး အ​ကြောင်း သူ​ကောင်း​ကောင်းသိ၏။ ​သောက်ပြီးရင် တစ် ညနဲ့တစ်ရက်​လောက် အိပ်တတ်တယ်ဆိုတာ ။ အစက​တော့ သွား​​ခေါ်မလိုပါ။တအားမ​သောက် ဖို့မှာ လိုက်​ပေမယ့် လူလိုမ​သောက်ဘဲ မူးခဲ့တဲ့ သူကို မှတ်​လောက် သား​လောက်​အောင် ထားလိုက်အုန်းမယ်လို့ ​တွေးပြီး တစ်​ယောက်ထဲကား​မောင်းကာ အလုပ်ထွက်ခဲ့သည်။

"ကိုသင့် !!
နု​လေး ​တောင်းပန်ပါတယ် "

"ရတယ် ထားလိုက် "

"ခိုင်းစရာ ရှိတာ နု​လေးကို ​ပြောပါ "

နု​လေးယဥ်လည်းဘယ်​လောက်ပဲသူ​ဌေးနဲ့ ရင်းနှီးရင်းနှီး သူလုပ်ခဲ့တဲ့ အမှားအတွက် ​တောင်းပန်ရသည်။ သူ့အိမ်ကိုပြန်ပို့​ပေးဖို့ အတန်တန်မှာလိုက် တဲ့ သူ​ဌေးကို မျက်နှာ​တောင် မပြရဲ။ မမဆင့်က ဒီ​နေ့live sale ​ရောင်းမှာမို့ ရုံးချုပ်ကို လာမှာ​​​ကြောင့် သူလည်းအလုပ်လာရသည်။ ဒီတိုင်း ဆို သူလည်း ကြိုး​နေပါပြီ ။ အိပ်ချင်စိတ်​တွေ တားမရ ။ after ပြီး after ရဲ့အကျိုး မနက် ၅နာရီမှ အိမ်ပြန်​ရောက်တာ ။ အဖွဲ့ထဲမကျိုးတာ ရန်နိုင်တစ်​ကောင်သာရှိသည်။ သူက​တော့ အလုပ်တက်​နေ၏။

Created by hate (Completed )Where stories live. Discover now