Uni
"ခင်ဗျား သောက်ပြီးရင်
ပိုက်ဆံပေးလေ ""ကိုယ့်မှာ ပိုက်ဆံပါမလာဘူး "
"မရဘူးဗျ မြန်မာ အချင်းချင်းဆိုလည်း
ခင်ဗျားကို ရဲလက်အပ်ရမယ်"ရဲလက်အပ်မယ်ဆိုလို့ ပျော်နေတဲ့ သင့် ။ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ ရဲ့ မြန်မာ အများစု နေထိုင်တဲ့လူစည်ကားတဲ့ လမ်းမှာ သူရောက်နေသည်။ မနေ့က ညကမှ ရောက်တာမို့ ငယ်လေးနဲ့မတွေ့ရသေး ။ မနက် လင်းလင်းခြင်း ငယ်လေး အလုပ်လုပ်တဲ့ ကော်ဖီဆိုင် လိုက်သွားသည်။ ရဲရင့် ပြောစကား အရ ဆိုင်ကတော့ လိပ်စာ အတိအကျပါ ။ ဒါပေမယ့် ငယ်လေးကို တွေ့ဖို့ ခွင့်တောင်းတာ သူဌေးက တွေ့ခွင့်မပေး။ အချိုးက ဆောင့်ကြွားကြွား ထိုင်းတစ်ကောင် ။ သူလည်း ပြသနာ မဖြစ်ဖြစ်အောင် ရှာ ပေးလိုက်သည်။ အလုပ်သမားအများစုက မြန်မာတွေမို့ သူ့ကို မြန်မာလိုတွေ ပြောကာ တားသည်။ ထိုင်းကောင်ကလည်း မတတ်တတတ် အင်္ဂလိပ်စကားလေးနဲ့ ဟိတ် ဟန် လုပ်နေ၏။ သူလည်း စိတ်တိုလာတာမို့ ဝုန်းဒိုင်းကျဲပစ်လိုက်၏။
"ရှေ့မှာ ဘာဖြစ်နေတာလဲ ကိုမင်း "
"မြန်မာ ပဲကွ
ဘဲကြီးက အလန်း
စားသောက်ပြီး ပိုက်ဆံမပါဘူးတဲ့ ""အမ် !!!သနားပါတယ် "
"အေးလေး ရုပ်အချောဗျ
ငါတောင်ကြွေတယ် "အမြုတေ ချင်းမိုင်ရောက်တာ ၂နှစ်ပြည့်တော့မှာမို့ အတော်လေး ကျွမ်းကျင်လာသည်။ ကိုယ်နိုင်ငံမဟုတ်တာကတစ်ကြောင်း၊ ရန်နိုင်နဲ့အလုပ်မတူတာကတစ်ကြောင်း အစပိုင်းကအတော်အဆင်မပြေပါ ။အခုမှ သူဌေးက သူ့ကို သဘောကျပြီး အဖျော်ဆရာ နေရာ ပေးလို့ ဝင်ငွေ ပါ တိုးလာတာ ။ ကိုမင်းတို့အဖွဲ့က အညာဘက်က အဖွဲ့တွေ ဖြစ်ပြီး ဆိုင်မှာ စားပွဲထိုး ၊ သန့်ရှင်းရေးလုပ်ရသည်။ သူကတော့ ကော်ဖီစက်နဲ့ ဖျော်တဲ့အလုပ်ဆိုတော့ မပင်ပန်းပေမယ့် အတော်ကြိုး စားရသည်။၊ချင်းမိုင်ရောက်ရောက်ခြင်း ကော်ဖီ ဖျော်သင်တန်း၆လလောက်တက်လိုက်ရသည်။
YOU ARE READING
Created by hate (Completed )
Romanceမင်းက တစ်သက်လုံး ငါ့ကို ခစားရမှာ ကြားလား #သင့် ငါက ဦးသင့်ရဲ့ အမိန့်ကို နာခံဖို့ မွေးဖွားလာတာ #စိုင်းအမြုတေ