Part 15 (Uni+Zawgyi)

888 44 6
                                    

Uni

"မောင်​လေး​ရေ !!!
ဧည့်သည် "

ငယ်​လေးနဲ့ နှစ်​ယောက်သား ရုံးဆင်းချိန် စာရင်း လုပ်​နေတာမို့ ​တော်​တော်အလုပ် များ​နေ၏။​ဒုတိယ ထပ်က မမ​အော်သံ​ကြောင့် အလုပ်ခဏနားကာ ​အောက်ထပ်ဆင်းလာလိုက်သည်။ သင့်တအား အံဩသွားရသည့်အဖြစ် ။​တွေ့လိုက်ရတာကအလွန်​ချေမိုး​နေတဲ့ သူ့ရည်းစား။

"အမ် ​!!!မေ "

"ဟုတ်တယ် ကို
ကိုစိတ်ဆိုး​နေတယ်ထင်လို့ အလုပ်​တွေအားလုံးပစ်ပြီး မြန်မာပြည် လိုက်လာတာ "

​"မောင်​လေး
ဒါဆို ဒီက ညီမ​ချော​ချော​လေးက ​မောင်​လေး ချစ်သူ​ပေါ့
လာ ညီမ​လေး ထိုင်ပါအုန်း
​ချောလိုက်တာ "

​နွေ ​ခေါင်​ခေါင်ကြီး ​ခေါင်း​ပေါ် မိုးကြိုး ပစ်ချလိုက်ပါပြီ။ ငယ်​လေးနဲ့ အဆင်​ပြေတာ မကြာ​သေး ။ငယ်​လေးကို​တောင် ချစ်တဲ့အ​ကြောင်းဖွင့်​ပြောဖို့ သူငယ်ချင်း​တွေနဲ့တိုင်ပင်ပြီးအားယူ​နေတာ ။ မေက အခုအိမ်​ပေါ်​ရောက်ချလာသည်။ သူ့ကို မိန်းမ​ပေးစားချင်တဲ့မမကလည်းအတင်း​တွေ သ​ဘောကျ ​နေတာ ။ တခဏအတွင်းမှာ ​မေနဲ့ ညီမ​တွေလို ။

"ဘဘ !!ဒါ ဘဘတူ ချစ်သူ"(ဆင့်)

​"သ​ဘောတူတယ်သမီး​ရေ
ဘဘ တို့က တူမ ရှာ​နေတာ "(ဘဘ)

​"ကျေးဇူးဘဘ "(​မေ)

"ကြီးမိုးကလည်း ချစ်ပါတယ်ရှင် "(ကြီးမိုး)

"ဒါလည်း ​မောင်သင့် ကြီးကြီးကွယ့်"(ဘဘ)

"ဟုတ်ဘဘ
ကြီးမိုး အ​ကြောင်း ကိုက ​ပြောပြထားတယ်
ဟင်းချက်အရမ်း​ကောင်းတယ်တဲ့ "(​မေ)

"ခလွမ်း !!!!"

"ငယ်​လေး !!!ဘာဖြစ်တာလဲ "(သင့်)

အမြု​တေ လန့်ပြီး မူးလဲမလို ဖြစ်သွား ၏။ ဦးသင့် ချစ်သူ ​ရောက်​နေတာကို တစ်အိမ်လုံး ကြိုဆို​နေကြသည်။ အား လုံးရဲ့ မျက်နှာမှာလည်း အပြုံးပန်း​တွေနဲ့ ။ ဦးသင့်လည်းသူ့​ကောင်မ​လေးနားမှာ ကပ်ထိုင်ပြီး စကား​ပြော​နေတာကို မြင်ထဲက သူ့ရင်ထဲမခံစားနိုင်​တော့ပါ။

"ဘာမှ မဖြစ်ဘူးဦး
ဦးဖုန်း ​တွေ ဆက်တိုက်လာ​နေလို့ "

​"အေး
​ပေး လာထိုင် "

Created by hate (Completed )Where stories live. Discover now