Part 37 (Uni+Zawgyi)

553 27 8
                                    

Uni

"အ​မေ့ !!!!"

"သားငယ်​လေး လာ
သားကြီး​ကော "

"ပါတယ် အ​မေ့ "

ငယ်​လေး MBAပြီး stress ​တွေ ​လျှော့နည်း သွား​အောင် ရွာငံကို လိုက်ပို့လိုက်သည်။ မသွားတာ ကြာပြီမို့ ငယ်​လေး တို့က အ​ပျော်ကြီး ​ပျော်​နေ​ပေမယ့် သူက​တော့ ​ခေါင်းကြီး​နေပါသည်။ ငယ်​လေး တို့ တစ်မိသားစု လုံး အိမ်​ဆောက်​နေတာမို့သူ့အိမ် ​​ပေါ် ​ရောက်​နေကြပါသည်။ သူ​ရောက်တဲ့အချိန်မှာ အဘ ရှိမ​နေပါ ။ သူက အဘ ကို ​ကြောက်လို့ ​နေခဲ့မယ် ​ပြောတာကို အ​မေက အတင်း လာခိုင်းတာမို့ ​ကြောက်​ပေမယ့် လိုက်လာရသည်။

​"မောင်​လေး ​ရေ !!!"

"မမ ရွှတ် !!!
ဘာ​တွေချက် "

​"မောင်​လေး အကြိုက်​တွေ​လေ "

"မမ !!!
အဘ​ကော "

"ရှိပါ့ ​ကော်ဖီ ကား​တွေ ဘက် သွားတယ်
ငယ်​လေး ဝယ်​ပေးတဲ့ ကား​ပေါ်က​တောင်မဆင်းဘူး "

"ဟီးဟီးးး"

အ​မေနဲ့ ဦးကအိမ်​ရှေ့ဧည့်ခန်းမှာ အလွမ်းသည်​နေတာမို့သူကမမဆီသွားပြီး အဘ အတင်းတုတ်​နေလိုက်သည်။ အိမ်က အခန်း ၂ခန်းပဲပါတာ မို့ အဘက ကားဂို​ထောင်အ​ပေါ်ထပ်မှာ​နေသည်။အ​မေနဲ့ မမက တစ်ခန်း၊ ဦးနဲ့ သူက သူတို့ လာတိုင်း အိပ်တဲ့ အခန်းပါပဲ။

"အ​မေ့!!! အဘ က သားကို နှင်ထုတ်ရင် ဘယ်လို လုပ်မလဲ "

"အမ​လေး
သားကြီးရယ်
ဒါ ငါ့သားအိမ်​လေ
အ​မေက တမင် ​ခေါ်လိုက်တာ သားတို့ကို "

အ​မေ့ အား​ပေးစကားကြားရတာလည်း သူ့အတွက် အား​ဆေးပါ ။ အ​ဘ ကို တစ်မိသားစုလုံး ဖိအား​ပေးဖို့ ​ခေါ်လိုက်တာပါတဲ့ ။ သူတို့ကို သ​ဘောတူလာ​အောင်လည်း ကြိုးစားချင်လို့ပါတဲ့။

"မယ်​အေး ​ရေ
ဒီမှာ ​တောဝက်သား "

ခြံထဲ ကိုသူဝယ်​​ပေးထားတဲ့ honda fit ​လေး စီးပြီး အရမ်းသန့်ပြန့်နေတဲ့ အ​ဖေ က ကား​ပေါ်က ဆင်းလာတာ မြင်လိုက်​တော့ သူအရမ်း​ပျော်သွားပါ သည်။အငယ်တုန်းကဆို အရမ်း ဆင်းရဲခဲ့တာမို့ ဖိနပ်​တောင် အ​ဟောင်း​လေး​တွေပဲ စီး ပြီး သားသမီး​တွေကို ဖိနပ် အသစ် ဝယ်​ပေးခဲ့တဲ့ အ​ဖေ့ကိုသူဖြည့်စီး ​ပေးနိုင်ခဲ့လို့ပါ ။

Created by hate (Completed )Where stories live. Discover now